မြန်မာကို အရေးယူရန်စဉ်းစားနေကြောင်း မလေးဒုဝန်ကြီးပြော

ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်သည်ဆိုသည့် စွပ်စွဲချက်များကို ရှာဖွေစစ်ဆေးမည့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့အား ဝင်ခွင့်ပိတ်ပင်ခဲ့သော မြန်မာနိုင်ငံအား မလေးရှားနိုင်ငံက အရေးယူမှုတစ်ခုပြုလုပ်ရန် စဉ်းစားသွားမည်ဟု သိရသည်။
 
လူသားချင်းစာနာသည့်ကိစ္စ သို့မဟုတ် သံခင်းတမန်ခင်းဆိုင်ရာ အရေးယူဆောင်ရွက်မှု တစ်ခုခုပြုလုပ်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံဉာဏ်ကို တောင်းခံသွားမည်ဖြစ်ကြောင်း မလေးရှားဒုဝန်ကြီး ဒါတွတ်စရီ ဒေါက်တာ အဟ်မဒ်ဇာဟစ် ဟမီဒီက ပြောလိုက်သည်။
 
“နိုင်ငံခြားရေးဝန်ကြီး ဒါတွတ်စရီ အနီဖာဟ်အမာန်းနဲ့ ကျနော်ဆွေးနွေးပါမယ်။ မြန်မာမှာဖြစ်နေတဲ့နောက်ဆုံးအခြေအနေရဲ့ အစီရင်ခံစာကို ကျနော်တို့ လေ့လာပါဦးမယ်” ဟု ဒေါက်တာ အဟ်မဒ်ဇာဟစ်က သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။
 
မကြာသေးမီကပင် ရိုဟင်ဂျာများအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်သည်ဟု စွပ်စွဲခံထားရသော သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုနှင့် ညှင်းပမ်းနှိပ်စက်မှုတို့အတွက် ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့အား စစ်ဆေးခွင့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော မြန်မာအစိုးရက ငြင်းဆိုခဲ့သည်။
 
ဓာတ်ပုံ – မလေးရှားဒုဝန်ကြီး (Straits Times)
 
Ref: The Star
ဆက်စပ်ဖတ်ရှုရန် –
ကုလစုံစမ်းစစ်ဆေးရေးလက်မခံဟု ဒေါ်စုအစိုးရငြင်းဆို http://wp.me/p5pNNN-tD

ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM