ကုရ်အာန်အာယတ်အတိုင်းဆောက်ထားတဲ့ တူရကီက ဗလီ

တူရကီနိုင်ငံ Kırşehir မြို့က ဟမီဒီယေ ကာမီ (Hamidiye Camii) ဗလီဝတ်ကျောင်းတော်ဟာ မြင်တွေ့ဖူးသမျှ ဗလီတွေထက်တမူထူးခြားနေမှာပါ။

လှပတဲ့ဗလီကြောင့် ဒေသခံတော်တော်များများက နမားဇ်ငါးကြိမ်တော်ရုံမလွှတ်ကြတော့ဘူးတဲ့။ ဗလီအမိုးဟာ လှပတဲ့မိုးကောင်းကင်၊ မြက်ခင်းပြင်နဲ့တူတဲ့ကော်ဇော်က ဗလီအခင်းလုပ်ထားပါတယ်။ ကုရ်အာန်ထဲက အာယတ်တော်တစ်ပိုဒ်ကို အမှီသဟဲပြုပြီး ဒီဗလီကိုဆောက်ထားတာလို့သိရပါတယ်။

၁၉၁၀ ခုနှစ် အော်တိုမန်ခလီဖာလက်ထက်မှာ ဒီဗလီကိုဆောက်ခဲ့ပါတယ်။ ဗလီရဲ့နာမည်ကိုလည်း အမီရွလ်မိုဟ်မီနီးန် ဆူလ်တန်အဗ္ဗဒွလ်ဟမီးဒ် II ခါန်း လို့အမည်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဗလီကိုပြုပြင်ထိန်းသိမ်းခြင်းမရှိဘဲ ပစ်ထားခဲ့ကြပါတယ်။ နောက်ဆုံး ပြင်မရတော့ဘဲ ဖြိုချလိုက်ရပြီးနောက် သမိုင်းဝင်ဗလီကြီးနေရာမှာ ဟမီဒီယေကာမီဗလီကိုအစားထိုး ဆောက်လုပ်ခဲ့ပါတယ်။

ဗလီဒီဇိုင်းရေးဆွဲတဲ့ ဗိသုကာပညာရှင်ကတော့ အာဇာဘိုင်ဂျန်က ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဗလီအီမာမ် ရှေ့ဆောင်ဆရာဖြစ်သူ Sefa Ekinci က အခုလိုပြောပါတယ်။ “ဗလီကို စူရဟ်ဘကရာဟ် အာယတ်တော် ၂၂ ကို အမှီသဟဲပြုပြီး ဒီဇိုင်းဖန်တီးထားတာဖြစ်ပါတယ်” တဲ့။

အဲဒီအာယတ်ရဲ့အနက်အဓိပ္ပာယ်ကတော့ အောက်ပါအတိုင်းပါ။

“အလ္လာဟ်အရှင်မြတ်သည် အသင်တို့ (နေထိုင်သွားလာနိုင်ရန်အလို့ငှာ) ဤပထဝီမြေပြင်ကို အခင်းအဖြစ်လည်းကောင်း၊ မိုးကောင်းကင်ကိုအမိုးအဖြစ်လည်းကောင်း၊ ပြုလုပ်ပေးသနားတော်မူ၍ ယင်းမိုးကောင်ကင်မှပင် မိုးရွာသွန်းစေပြီး ထိုမိုးရေဖြင့် ကောက်ပဲသီးနှံအမျိုးမျိုးတို့ကို အသင်တို့အဘို့ ရိက္ခာအဖြစ် ပေါက်ရောက်စေတော်မူ၏။ သို့ဖြစ်ရာ အသင်တို့သည် (အနန္တကျေးဇူးတော်ရှင်ဖြစ်တော်မူထသော) အလ္လာဟ်အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ တွဲဘက်၍ ခဝပ်ကိုးကွယ်ခြင်းကို အလျှင်းမပြုကြလင့်။ (သို့ အလ္လာဟ်အရှင်မြတ်နှင့် တွဲဘက်၍ ခဝပ်ကိုးကွယ်ခြင်းမပြုအပ်သည့်အကြောင်းကို) အသင်တို့ ကိုယ်တိုင်လည်းအသိပင်ဖြစ်ကြသည်”

ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ

Mediafire – http://bit.ly/2umlRbf
pCloud – http://bit.ly/2vxQTeP