ပျက်ကျ တပ်မတော်လေယာဉ် စုံစမ်းရေးတွင် ကူညီရန် တရုတ်ကမ်းလှမ်း

ဇွန်လ ၇ ရက် ဗုဒ္ဓဟူးနေ့က ပျက်ကျသွားသော တပ်မတော်လေယာဉ်အားကူညီရှာဖွေ စုံစမ်းရေးအတွက် တရုတ်အမျိုးသား လေကြောင်းနည်းပညာ သွင်းကုန်-ထုတ်ကုန် ကော်ပိုရေးရှင်း (CATIC) က အကူအညီပေးရန်အဆင်သင့်ရှိကြောင်း ပြောကြားလိုက်သည်။ အဆိုပါ တရုတ်ထုတ် လေယာဉ်အမှတ် Y8F200W ကို CATIC မှ မြန်မာလေတပ်သို့ ၂၀၁၆ မေလတွင် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း အဖွဲ့၏ တရားဝင်သတင်း ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်အား တရုတ်နိုင်ငံက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး အကူအညီပေးရန်အတွက်လည်း ကမ်းလှမ်းခဲ့သေးသည်။ “မတော်တဆမှုဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံအပေါ် ကျနော်တို့ အနက်ရှိုင်းဆုံး စာနာမိပါတယ်။ လွန်သေဆုံးသွားသူတွေလည်း အတော်လေးကို ဝမ်းနည်းကြေကွဲရပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာဘက်ကတောင်းခံတဲ့ အကူအညီတွေကို ပေးအပ်ဖို့ အသင့်ရှိနေပါတယ်။ CATIC ကလည်း လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ရာမှာ မြန်မာအာဏာတွေကို ကူညီနိုင်ဖို့ ပြင်ဆင်နေပါပြီ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ Hua Chunying က ဆိုသည်။

စစ်သည်/မိသားစု ၁၀၈ ဦး၊ လေယာဉ်အမှုထမ်း ၁၄ ဦးနှင့် ကုန်တန်ချိန် ၂.၄ တန်ခန့် သယ်ဆောင်လာသော တပ်မတော်သယ်ယူပို့ဆောင်ရေး လေယာဉ် (Y-8-200 F အမျိုးအစား၊ လေယာဉ်အမှတ် – ၅၈၂၀) သည် ဇွန်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်တွင် ထားဝယ်မြို့အနောက်ဘက် ၄၃ မိုင်ခန့်အရောက်၌ ထားဝယ်လေဆိပ်နှင့် အဆက်အသွယ်ရရှိပြီးနောက်ပိုင်း ဆက်သွယ်မှုပြတ်တောက်သွားခဲ့သည်။

ယောဉ်ကို ဆက်လက်ရှာဖွေရာ ဇွန်လ ၈ ရက်၊ နံနက် ၈ နာရီ ၁၈ မိနစ်တွင် လောင်းလုံမြို့ အနောက်တောင်ဘက် ၂၂ မိုင်၊ ကျောက်နီမော်ကျေးရွာ၏ အနောက်ဘက် အနောက်ဘက် ၁၄ မိုင်အကွာ ပင်လယ်ပြင်တွင် ပျက်ကျထားသည့် လေယာဉ်ပျက်အပိုင်းအစတချို့နှင့်အတူ ရုပ်အလောင်း ၃ လောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

နောက်ဆက်တွဲသတင်းအရ ဗီယက်နမ်သမ္မတ Tran Dai Quang နှင့် ဝန်ကြီးချုပ် Prime Minister Nguyen Xuan Phuc တို့ကလည်း မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော်ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာများ အသီးသီးပေးအပ်ခဲ့သည်ဟုသိရသည်။

Ref: CTGN

စစ်တွေမြို့လေဆိပ်တွင် ကုန်ပစ္စည်းများချနေသော တရုတ်ထုတ် Shaanxi Y-8 အမျိုးအစား လေယာဉ်

အတွဲ (၁) အမှတ် (၆) ကို Download ရယူရန်

Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7