ကီလိုမီတာ ၉၀၀၀ လမ်းလျှောက်ပြီး ဟဂ်ျလာဖတ်သူ

ဉာဏ်အလင်း

အင်ဒိုနီးရှားအမျိုးသားတစ်ဦးဟာ ကီလိုမီတာပေါင်း ၉၀၀၀ လမ်းလျှောက်ပြီး မက္ကာဟ်မြို့ကို ဟဂ်ျဖတ်ဖို့ရောက်လာခဲ့ပါပြီ။

သူ့နာမည်ကတော့ ခါမီးမ် ဆီတီယားဝန်း (Khamim Setiawan) ဖြစ်ပါတယ်။ ဗဟိုဂျာဗားကနေ ၂၀၁၆ သြဂုတ် ၂၈ ရက်ကတည်းက ခရီးစဉ်ကို စတင်ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ဟဂ်ျကာလရောက်မှ မက္ကာဟ်မြို့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတယ်။

သူဟာ ခရီးစဉ်တစ်လျှောက်မှာ
– အင်ဒိုနီးရှား
– မလေးရှား
– ထိုင်း
– မြန်မာ
– အိန္ဒိယ
– ပါကစ္စတန်
– အိုမန်
– ယူအေအီး နဲ့
ဆော်ဒီအာရေးဗျနိုင်ငံတို့ကို ဖြတ်သန်းခဲ့ပါတယ်။

“မွတ်စလင်ပညာရှင်ပေါင်းများစွာထံကနေ အစ္စလာမ်ကိုသင်ယူခြင်း၊ ဂိုဏ်းဂဏပေါင်းစုံက မွတ်စလင်ပေါင်းများစွာနဲ့ တွေ့ဆုံကာ သူတို့ရဲ့မတူကွဲပြားတဲ့ ယဉ်ကျေးမှုကိုလေ့လာပြီး ခန္တီတရားကို ရှာဖွေခြင်းဟာ ကျနော့်ဘက်ကနေအလ္လာဟ်အရှင်မြတ်ကို အပြည့်အဝ သက်ဝင်ယုံကြည်ခြင်းတစ်မျိုးလို့ ခံယူထားပါတယ်” ခါမီးမ် ဆီတီယားဝန်း

သူ့ရဲ့ဟဂ်ျကို အလ္လာဟ်အရှင်မြတ်လက်ခံကဗူလ်ပြုတော်မူပါစေ။

ဟဂ်ျနှင့် ကုရ်ဗာနီအထူးထုတ် ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၉) သြဂုတ်လထုတ်ကို Download ရယူရန်

Mediafire – http://bit.ly/2w2D4r2
pCloud – http://bit.ly/2vuKWhs