ဗီယက်နမ်နှင့် အစ္စလာမ်ဘာသာ

ကဏ္ဍ – Muslim Heritage

(စတီဗင်)

လွန်ခဲ့တဲ့ ၇ ရစုကတည်းက အစ္စလာမ်သာသနာဟာ ဗီယက်နမ်နိုင်ငံကို စတင်မိတ်ဆက်ခဲ့ပါတယ်။ တတိယမြောက်ခလီဖာကြီးဖြစ်တဲ့ အွဆ်မားန်ဘင်န်အက်ဖားန်က အစ္စလာမ်ဘာသာဝင်ကုန်သည်တွေကို တရုတ်ပြည်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ပထမဆုံးအကြိမ်စေလွှတ်ခဲ့ပါတယ်။ အဲဒီကုန်သည်အဖွဲ့ဟာ ဒီနေ့ခေတ် ဗဟိုနဲ့ တောင်ဘက် ဗီယက်နမ်ကမ်းရိုးတမ်းဖြစ်တဲ့ ထိုစဉ်က ချမ်ပါအင်ပါယာကို ဆိုက်ရောက်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေက ညွှန်းဆိုနေပါတယ်။ တစ်ချို့သမိုင်းအထောက်အထားတွေအရတော့ အဲဒီဒေသဟာ ၁၀နဲ့ ၁၁ ရာစုဝန်းကျင်ရောက်မှ အစ္စလာမ်နဲ့ ထိတွေ့မိခဲ့တယ်လို့ ဆိုကြပါတယ်။ ၁၇ ရာစုအရောက်မှာ ချမ်ပါအင်အာယာဟာ ဗီယက်နမ်လက်အောက်ကျရောက်ခဲ့ပြီးနောက် ချမ်လူမျိုးစုတွေကြားမှာ အစ္စလာမ်သာသနာဟာ ပိုပြီးပျံ့နှံ့လာခဲ့ပါတယ်။ ချမ်တို့ဟာ အစ္စလာမ်သာသနာကိုသူတို့လူမျိုးရဲ့ ရိုးရာဓလေ့ထုံးတမ်းတွေနဲ့ပေါင်းစပ်ပြီး ကိုးကွယ်ကြပါတယ်။

ဗီယက်နမ်နိုင်ငံမှာ အစ္စလာမ်ကိုးကွယ်သူတွေကို ချမ်မွတ်စလင် သို့မဟုတ် ချမ်အစ္စလာမ်တွေလို့ခေါ်ကြပါတယ်။ တစ်နိုင်ငံလုံးရဲ့လူဦးရေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မွတ်စလင်လူဦးရေဟာ ၀.၀၇၅% သာရှိပါတယ်။

ဗီယက်နမ်တစ်နိုင်ငံလုံးမှာ ဝတ်ပြုဆောင်ငယ် ၄၀ နဲ့ ဂျမာအသ်ခါနာ ဆူရောင်ပေါင်း ၂၅ လုံးရှိပါတယ်။ ဗလီအရေအတွက်ကတော့ အလုံး ၂၀ ဝန်းကျင်ရှိပါတယ်။

မူဘာရက် ဗလီ (Mubarak, An Giang)

မူဘာရက်ဗလီဟာ ချမ်မွတ်စလင်များစုဝေးနေထိုင်ရာ An Giang ဒေသမှာရှိပါတယ်။ တန်ချောင်း (Tan Chau) မြို့နယ်ထဲမှာရှိတဲ့ဒီဗလီဟာ ချောင်းဒေါ့ (Chau Doc) မြို့နဲ့နီးပါတယ်။ ဗလီကိုသွားဖို့ ကူးတို့ဆိပ်ကတစ်ဆင့် လှေ သို့မဟုတ် သင်္ဘောစီးပြီးသွားရမှာပါ။ ဗလီဆောက်တဲ့ ဗိသုကာပညာရှင်ကတော့ မုဟမ္မဒ် အမီန်းဖြစ်ပြီး ချမ်မွတ်စလင် ယဉ်ကျေးမှုဗိသုကာလက်ရာအတိုင်းဆောက်လုပ်ထားတာဖြစ်ပါတယ်။ မုဘာရက်ဗလီကို ၁၇၅၀ ခုနှစ်မှာ ဆောက်လုပ်ခဲ့တယ်လို့ ယုံကြည်ရပြီး အဆောက်အအုံဟောင်းတုန်းကတော့ ဝါးတွေကိုထောက်တိုင်လုပ်ပြီးဆောက်ခဲ့တာပါ။ ၁၈၀၈ ခုနှစ်မှာတော့ ဗလီကို အုတ်ဖြင့်ဆောက်ကာပြန်လည်မွမ်းမံခဲ့ပါတယ်။ ဒါ့အပြင် ဗလီထဲမှာ နှစ်ပေါင်း ၅၀၀ သက်တမ်းရှိတဲ့ အထူးစပယ်ရှယ် ရာပါနာဗုံတွေလည်းရှိပါသေးတယ်။ အရင်က လော်စပီတွေမပေါ်သေးချိန် ဆလားသ်ဝတ်ပြုချိန်မှာ ဗုံတီးပြီး ဝတ်တက်ဖိတ်ခေါ်ခဲ့ကြတယ်လို့ ယူဆရပါတယ်။

စက်တင်ဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၀) ဟာ 5 MB သာရှိတာကြောင့် အလွယ်တကူပေါ့ပေါ့ပါးပါး အခမဲ့ Download ရယူနိုင်မှာပါ။ ကဏ္ဍစုံလင်တဲ့ ရသစုံ ဉာဏ်အလင်းမဂ္ဂဇင်းကို ဖတ်ဖို့ အောက်ဖော်ပြပါ Mediafire သို့မဟုတ် pCloud ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ရယူလိုက်ပါ။

Mediafire – http://bit.ly/2xGZNs6

pCloud – http://bit.ly/2xLG8J1