ဦးကိုနီအား ဥရောသမဂ္ဂမှ ချီးမြှင့်သည့်ဂုဏ်ပြုဆုကို မိသားစုက လက်ခံရယူ

ဥရောပသမဂ္ဂတည်ထောင်သည့် နှစ် (၆၀) ပြည့်အဖြစ် ဥရောပသမဂ္ဂအိမ်တော်တွင် ဧပြီလ (၃) ရက် ညနေ (၆) နာရီခွဲ၌ ကျင်းပသည့် အခမ်းအနားတွင် တရားလွှတ်တော်ဦးကိုနီအား Schuman Award ချီးမြှင့်ပေးအပ်ခဲ့ရာ မိသားစုမှ လက်ခံရယူခဲ့ကြောင်း ဦးကိုနီ၏ Facebook စာမျက်နှာ (Ko Ni) တွင် ဖော်ပြထားသည်။
 
ယင်း Schuman Award ကို ဒီမိုကရေစီတန်းတူညီမျှမှု၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးတို့အတွက် ရွပ်ရွပ်ချွံချွံစွမ်းဆောင်သည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုအပ်နှင်းခြင်းဖြစ်ပြီး ဦးကိုနီကိုလည်း ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
 
တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီသည် ဇန်န၀ါရီလ (၂၉) ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အကြမ်းဖက်သမား၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရကာ ကွယ်လွန်သွားခဲ့သည်။
၂၀၁၇ ခုနှစ်တွင်ပထမဆုံးပေးအပ်ခြင်းဖြစ်သည့် အဆိုပါဆုကို ညီမျှခြင်းမြန်မာမှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်း၊ ကချင်အမျိုးသမီး ဒေါ်ဂျာနန်နှင့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီတို့ သုံးဦးမှ အသီးသီးဆွတ်ခူးနိုင်ခဲ့သည်။
ဓာတ်ပုံ – Ko Ni (Facebook Page)
ဉာဏ်အလင်း
ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oR54rj
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1