နိုင်ငံငါးနိုင်ငံတွင် ဗလီငါးလုံးနှင့် ရေတွင်းနှစ်တွင်းလှူဒါန်းမယ့် ယူအေအီး

 

အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံက ယူအေအီးအမျိုးသားမော်ကွန်းအဖွဲ့ (UAE National Archives) ဟာ Abu Dhabi လက်ခွဲ အင်းမရိတ်လခြမ်းနီ (Emirates Red Crescent)အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ငါးနှစ်စီမံကိန်းအဖြစ် နိုင်ငံပြင်ပမှာ ဗလီ ငါးလုံးနဲ့ ရေတွင်းနှစ်တွင်းဆောက်လုပ်လှူဒါန်းသွားမယ်လို့ ကြေညာလိုက်ပါတယ်။

အမျိုးသားမော်ကွန်းဗလီများဆောက်လုပ်ရေးစီမံကိန်းလို့အမည်ပေးထားတဲ့ ဒီစီမံကိန်းမှာ လူ ၈၀၀ ဆန့်တဲ့ ဗလီ ငါးလုံးကို မော်ရီတေးနီးယား၊ ဆိုမာလီးယား၊ ဘူကီနာဖာဆို၊ မာလီနဲ့ အိန္ဒိယနိုင်ငံတို့မှာ ဆောက်လုပ်လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရေတွင်းနှစ်တွင်းကိုတော့ အိန္ဒိယနဲ့ မာလီနိုင်ငံတို့မှာ အသီးသီးလှူဒါန်းသွားမှာပါ။

ရက်ရောတဲ့ပေးကမ်းလှူဒါန်းမှု၊ လူမှုရေးကဏ္ဍနဲ့ လူသားချင်းစာနာတဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းအစရှိတဲ့ ပရဟိတလုပ်ငန်းတွေမှာ အင်တိုက်အားတိုက်ပါဝင်လုပ်ဆောင်လျက်ရှိတဲ့ အင်းမရိတ်လခြမ်းနီအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို အမျိုးသားမော်ကွန်းအဖွဲ့က ကျေးဇူးတင်ရှိကြောင်းပြောကြားလိုက်ပါသေးတယ်။ ဒါအပြင် ဒီအဖွဲ့နှစ်ခုပူးပေါင်းဆောင်ရွက်မယ့် ဗလီနဲ့ရေတွင်းလှူဒါန်းမှုဟာ ယူအေအီးနိုင်ငံပုံရိပ်ကို ထင်ဟပ်ပြီး မြှင့်တင်ပေးမယ့် အကောင်းဆုံးနီးလမ်းတစ်ခုလို့ အမျိုးသားမော်ကွန်းအဖွဲ့က ယုံကြည်နေပါတယ်။

Ref: Khaleejtimes.com

ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ
 
Mediafire – http://bit.ly/2umlRbf