ဖဂျရ်အဇာန်ပေးဖို့ စောင့်နေတဲ့ မော်ဇင် ကုရ်အာန်ဖတ်ရင်းကွယ်လွန်

ဆော်ဒီနိုင်ငံ ဂျစ်ဒဟ်မြို့က မော်ဇင် (ဝတ်တက်နှိုးဆော်သူ) တစ်ဦးဟာ ဖဂျရ်အဇာန်ဆိုဖို့ စောင့်ဆိုင်းနေရင် အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူသွားခဲ့ပါတယ်။
 
ကွယ်လွန်သူဟာ အသက် ၆၀ ရှိ အဗ္ဗဒွလ် ဟက် အလ်-ဟလာဘီဆိုသူဖြစ်ပြီး ဖဂျရ်အချိန်မကျမီ မိနစ်အနည်းအလိုမှာ အဇာန်မဆိုခင် ကုရ်အာန်ထိုင်ဖတ်နေရင်း ကွယ်လွန်သွားခဲ့တာလို့သိရပါတယ်။ သူဟာ ဆီရီးယားနိုင်ငံသားဖြစ်ပြီး ဆော်ဒီမှာ နေထိုင်တာ နှစ်ပေါင်း ၄၀ ရှိပြီလို့သိရပါတယ်။ သူဟာ တစ်ချိန်လုံး ကုရ်အာန်ဖတ်ရွတ်နေတတ်သူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ မူရင်းသတင်းကို အာရဗီဘာသာနဲ့ တင်ဆက်တဲ့ sabq.org က ဖော်ပြခဲ့တာဖြစ်ပြီး Ilmfeed က အင်္ဂလိပ်လိုပြန်လည်ဖော်ပြခဲ့တာပါ။
 
ဗလီထဲမှာ အဇာန်ပေးဖို့အတွက် ကုရ်အာန်ဖတ်ရင်း စောင့်နေချိန် အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူသွားခဲ့သူ မော်ဇင်ကြီး အဗ္ဗဒွလ် ဟက် အလ်-ဟလာဘီရဲ့ သေချင်းတရားအပေါ် ကံကောင်းလွန်းကြောင်း လူမှုကွန်ရက်ပေါ်အသုံးပြုတဲ့ ကမ္ဘာအရပ်ရပ်က မွတ်စလင်တွေက မှတ်ချက်ပေး ပြောဆိုနေကြပါတယ်။
 
Ref: Ilmfeed
 
ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။
 
Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM