“ကျည်ထောင်စုသစ္စာ” ကို ၆၆ (ဃ) ဖြင့် တရားစွဲဆိုလိုက်ပြီး မြန်မာ့စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဆက်လက်ခြိမ်းခြောက်

“ကျည်ထောင်စုသစ္စာ” သရော်စာဆောင်းပါးကို လွန်ခဲ့သည့် မတ်လ ၂၆ ရက်ထုတ် The Voice Daily သတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သောကြောင့် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့အား တပ်မတော်က ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် ဗဟန်းမြို့နယ် ရဲစခန်း၌ တရားစွဲဆိုလိုက်သည်။
 
ဤကဲ့သို့တရားစွဲဆိုခြင်းသည် လူတစ်ဦးချင်းစီ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဟန့်တားခြင်းဖြစ်ကြောင်း၊ ယင်းတရားဆွဲဆိုခြင်းသည် လွတ်လပ်စွာပြောဆိုခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်တို့ကို ဖိနှိပ်ချုပ်ချယ်ရာရောက်သောကြောင့် မိမိတို့အဖွဲ့အစည်းများအနေဖြင့် ကန့်ကွက်ကြောင်းနှင့် ပြန်လည်စဉ်းစားသုံးသပ်ပေးစေလိုကြောင်းကို မီဒီယာနှင့်လူ့အခွင့်အရေးအဖွဲ့အစည်း ၁၈ ဖွဲ့က မေလ ၁၇ ရက်က သဘောထားကြေညာချက်ထုတ်ပြန်ခဲ့သည်။
 
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) မှထုတ်ပြန်သည့် ၂၀၁၇ ခုနှစ် ကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်အညွှန်းကိန်း (World Press Freedom Index) တွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၁ သို့ရောက်ရှိနေသည်။
 
RSF ၏ တရားဝင် ၀ဘ်ဆိုက်တွင် မြန်မာနိုင်ငံစာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ ယခုလိုရေးသားထားသည်။
 
“၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရခဲ့ပြီးနောက်ပိုင်း အစိုးရနှင့် စစ်တပ်အပေါ် ဝေဖန်ပါက မိမိတို့ကို ဖမ်းဆီးထောင်ချခံရတော့မည်မဟုတ်တော့ဟု မြန်မာဂျာနယ်လစ်များက မျှော်လင့်ခဲ့ကြသည်။ သို့သော် အစိုးရသစ်၏ ဦးစားပေးမှုများထဲတွင် ကံမကောင်းအကြောင်းမလှစွာဖြင့် မီဒီယာလွတ်လပ်ခွင့်ကိစ္စမပါဝင်ခဲ့ပေ။ ဦးသိန်းစိန်လက်ထက်တွင် ထောင်ချခံရသော ဂျာနယ်လစ်များ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သလို နိုင်ငံတော်အရေးပေါ်အက်ဥပဒေကိုရုပ်သိမ်းခဲ့သော်လည်း အစိုးရတာဝန်ရှိသူများ၊ စစ်တပ်အရာရှိများနှင့် ပတ်သက်လာလျင် ကိုယ်တိုင်ထိန်းသိမ်းရေးသားနေရဆဲဖြစ်သည်။ အာဏာပိုင်များသည် မီဒီယာများအပေါ် ဖိအားပေးခြင်းသာမက အယ်ဒီတာမူဝါဒပိုင်းအပြောင်းအလဲများအပေါ်တွင်ပါ တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခြင်းအထိရှိနေသည်။ ရိုဟင်ဂျာများအပေါ်လူမျိုးရေးခွဲခြားသည့် သဘောထားမှာကျယ်ကျယ်ပျံ့ပျံ့ရှိနေပြီး ရခိုင်ပြည်နယ်၏ လူ့အခွင့်အရေးချိုးဖောက်မှုသတင်းလိုက်ရာတွင် လွတ်လပ်ခွင့်နှင့် အမှီအခိုကင်းမှုများကိုလည်း ကန့်သတ်ထားဆဲဖြစ်သည်”
 
မေလထုတ် ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။
 
Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7
ဉာဏ်အလင်း