အီးဒ်မုဘာရက် (အီးဒ်နေ့ကောင်းချီးမင်္ဂလာ) ပါလို့ နှုတ်ခွန်းဆက်သလိုက်တဲ့ ယူကေဝန်ကြီးချုပ်

ကမ္ဘာနိုင်ငံတော်တော်များများမှာ ဇူလိုင် ၂၅ ရက် ဆိုရင် အီးဒ်နေ့ကျရောက်တော့မှာပါ။ အီးဒ်နေ့ဆိုတာ အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ဥပုသ်လ ရမဇာန်လမြတ် ပြီးဆုံးပြီးနောက် ကျရောက်တဲ့ အထိမ်းအမှတ်ပွဲတော်တစ်ခုဖြစ်ပါတယ်။ ရမဇာန်လနဲ့ အီးဒ်ဆိုရင် နိုင်ငံခေါင်းဆောင်တွေဟာ မိမိတို့နိုင်ငံထဲမှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်ပြည်သူတွေကို နှုတ်ခွန်းဆက်သလေ့ရှိပါတယ်။ အခုလည်း ဗြိတိန်ဝန်ကြီးချုပ် ထရီစာ မေ က ဗြိတိသျှမွတ်စလင်တွေနဲ့ ကမ္ဘာအရပ်ရပ်က မွတ်စလင်တွေကို အီးဒ်မုဘာရက်ဆိုပြီး နှုတ်ခွန်းဆက်လိုက်တဲ့ ရုပ်သံကို ဉာဏ်အလင်းကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။

ထရီစာမေ အီးဒ်နှုတ်ခွန်းဆက်လွှာ

ကျမအနေနဲ့ ယူကေမှာရှိတဲ့ မွတ်စလင်အားလုံးနဲ့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ အီဒွလ်ဖိသိရ်ပွဲတော်ကို ကျင်းပသူတွေအားလုံးကို အနွေးထွေးဆုံးဆုတောင်းမေတ္တာကို ပို့သပါတယ်။

သုံးသန်းကျော်သော ဗြိတိသျှမွတ်စလင်တွေဟာ ကျမတို့ရဲ့ နိုင်ငံတော်ကို ကြီးမားပြီး တန်ဖိုးဖြတ်မရတဲ့ ထောက်ပံ့ကူညီမှုတွေပြုလုပ်ခဲ့ပါတယ်။ အီးဒ်နေ့ဟာ တကယ့်ကို နေ့ထူးနေ့မြတ်ပါ။

ဝတ်ပြုဆုတောင်းပြီး ပြန်လာကြတယ်။ လမြတ်ရမဇာန်ကောင်းခြင်းမင်္ဂလာတွေ နက်နက်ရှိုင်းရှိုင်းပေါ်လွင်စေတဲ့ အီးဒ်ပွဲတော်ဟာ မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ ကျင်းပရတဲ့ အထိမ်းအမတ်ပွဲတစ်ခုပါပဲ။

ယူကေဟာ ပွင့်လင်းပြီး မတူကွဲပြားလူမျိုးစု၊ ဘာသာပေါင်းစုံနဲ့ တည်ဆောက်ထားတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်တာကြောင့် ကျမတို့ဟာ အင်မတန်ဂုဏ်ယူမိပါတယ်။

လွန်ခဲ့တဲ့လမှာ ဗြိတိသျှမွတ်စလင်တော်တော်များများဟာ အိမ်နီးနားချင်း ဘာသာပေါင်းစုံနဲ့ အတူလက်တွဲပြီး မျှဝေခဲ့ကြပါတယ်။ ပြီးတော့ ရမဇာန်လရဲ့မြင့်မြတ်တဲ့ ကျင့်ဝတ်တွေဖြစ်တဲ့ အလှူဒါနပေးကမ်းခြင်း၊ ဒေသခံအသိုင်းအဝိုင်းကို ကူညီခြင်းတို့အပါအဝင် တစ်နေ့တာကုန်ဆုံးချိန်မှာ ဥပုသ်ထွက်စားသောက်ခြင်းတွေကို အတူတကွဆောင်ရွက်ခဲ့ကြပါတယ်။

ဖော်ရွေစွာဆက်ဆံခြင်းနဲ့ ဝန်ဆောင်မှုပေးခြင်းဆိုတဲ့ စိတ်ဓာတ်တွေဟာ ကြီးကျယ်မြင့်မြတ်တဲ့ ယုံကြည်မှုတိုင်းရဲ့ အနှစ်သာရဖြစ်ပါတယ်။ အဲဒီစိတ်ဓာတ်ဟာ ကျမတို့အားလုံးကို စည်းလုံးညီညွတ်စေမှာပါ။

စိတ်မကောင်းစွာနဲ့ပဲ ဖင်းစ်ဘူရီပါ့ခ်ဗလီဝတ်ကျောင်းတော်အပြင်ဘက်မှာဖြစ်ပွားခဲ့တဲ့ ဆိုးရွားလှတဲ့ တိုက်ခိုက်မှုအပါအဝင် ဒီလမှာ မှောက်မိုက်ပြီး ဝမ်းနည်းစရာအဖြစ်အပျက်တချို့ကြုံတွေ့ခဲ့ရပါတယ်။

အဲဒီအဖြစ်အပျက်ဟာ ဒီတစ်လအတွင်း ကျမတို့ရဲ့မြို့တော်လမ်းမထက်မှာ ကြုံဆုံခဲ့ရတဲ့ ဒုတိယမ္မိအကြမ်းဖက်တိုက်ခိုက်မှုပါပဲ။ အရင်ဖြစ်ပွားခဲ့တဲ့လုပ်ရပ်တွေအတိုင်းပဲ ဒီအကြမ်းဖက်မှုဟာ စက်ဆုပ်ရွံရှာဖွယ်ရာကောင်းလှပါတယ်။

အဲဒီလိုအကြမ်းဖက်မှုတွေဟာ ကျမတို့ကို သွေးခွဲဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် ကျမတို့ အနေနဲ့ သူတို့ကို တုံ့ပြန်ဖို့ဆိုရင် ရင်ဘတ်ချင်းအနီးကပ်ဆုံးပိုဖြစ်အောင် အတူတကွရပ်တည်ရမှာပါ။ စည်းလုံးညီညာအောင်ကြောင်းဖြာခဲ့ရင် အမုန်းတရားနဲ့ ဆိုးယုတ်ခြင်းတွေဟာ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူးဆိုတာကို အခိုင်အမာပြောရဲပါတယ်။

ဆိုတော့ စည်းလုံးညီညွတ်ခြင်းဆိုတဲ့စိတ်ဓာတ်အကြောင်းကိုပြောရမယ်ဆိုရင် ဗြိတိသျှပြည်သူအားလုံးရဲ့ကိုယ်စား ငြိမ်းချမ်းသာရာပြီးပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ အီးဒ်မုဘာရက် (အီးဒ်နေ့ကောင်းချီးမင်္ဂလာ) ဖြစ်ပါစေလို့ ကျမဘက်က ဆုတောင်းလိုက်ပါရစေ။

Video Copy From: 10 Downing Street

ဆက်စပ်ဖတ်ရှုရန်

မွတ်စလင်တို့၏ ရမဇာန် ဥပုသ်လ ဆိုသည်မှာ … http://wp.me/p5pNNN-oq
မွတ်စလင်တွေရဲ့ အီဒွလ်ဖိသိရ် (စမိုင်အစ်) … http://wp.me/p5pNNN-sj
ရန်ကုန်ဖိသ်ရဟ်ပေါက်ကြေး ၁၀၀၀ ကျပ် လို့ အိုလမာကြေညာ http://wp.me/p5pNNN-sp

ရမဇာန်အထူးထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။
Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM