iOS ဖုန်းတွေအတွက် Hijab Emoji လာတော့မယ်

၂၀၁၇ နှစ်ကုန်ပိုင်းလောက်မှာ iOS ဖုန်းတွေမှာ ပဝါဆောင်းထားတဲ့ Hijab Emoji လေးအသုံးပြုလို့ရတော့မှာပါ။ ဒီ Emoji အသစ်အကြောင်းကို ကမ္ဘာ့ Emoji နေ့ဖြစ်တဲ့ ဇူလိုင် ၁၇ ရက် မှာ ကြေညာခဲ့တာဖြစ်ပါတယ်။
 
ဒီသတင်းကောင်းကိုတော့ Apple ကုမ္ပဏီရဲ့ CEO ဖြစ်သူ Tim Cook က သူ့ရဲ့ Twitter လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာခဲ့ပါတယ်။
 
“ပျော်ရွှင်စရာ #WorldEmojiDay ပါ။ ဒီနှစ်ကုန်ပိုင်းမှာ ခင်ဗျားတို့အတွက် Emoji အသစ်တချို့ဖန်တီးထားတယ်ဗျိုး” ဆိုပြီး ရေးသားထားပါတယ်။ အသစ်ဖန်ထားတဲ့ Emoji မြောက်မြားစွာထဲမှာ Hijab Emoji လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
 
ဒါ့အပြင် မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွှေးပါတဲ့ အမျိုးသားတစ်ဦး Emoji လည်းပါဝင်မှာပါ။ တခြား Emoji တွေအနေနဲ့ ယောဂထိုင်နေတဲ့အမျိုးသား၊ ကလေးချီထားတဲ့မိခင်၊ ဇွမ်ဘီသရဲ၊ အသားညို Elf၊ ဒိုင်နိုဆော၊ မြင်းကျားနဲ့ တခြား Smiley Emoji လေးခုလည်းပါဝင်ပါတယ်။
No automatic alt text available.
 
ခရမ်းရောင်ပဝါလေးနဲ့ Hijab Emoji ကို ပုံထဲမှာမြင်ရမှာပါ။ ဒီ Hijab Emoji ကို ဆော်ဒီအာရေးဗျက အသက် ၁၅ နှစ်အရွယ် ရအူးဖ်အလ်ဟွမ်မဒီဆိုတဲ့ လူငယ်လေးက အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ Hijab အရောင်ကို ခရမ်းရောင်အပြင် တခြားအရောင်ရွေးချယ်ခွင့်ရှိမရှိကိုတော့ မသိရသေးပါဘူး။
No automatic alt text available.
 
ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။
 
Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM