အမေရိကန်သံရုံး အီးဒ်နေ့ ဆုတောင်း သဝဏ်လွှာပေးပို့

  အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝါကျွတ်အီးဒ်နေ့အခါသမယမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံရုံးက မင်္ဂလာရှိသော အီးဒ်ပွဲတော်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ “မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးကလည်း နိုင်ငံခြားရေးဝန်ကြီးတီလာဆန်နှင့်အတူ အစ္စလာမ်ဘာသာဝင်တို့အားလုံး ဆင်နွှဲလျက်ရှိကြသည့် အီဒွလ်ဖစ်သ်ရ် (ဝါကျွတ်) အီးဒ်ပွဲတော် အတွက် ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ မင်္ဂလာရှိသော အီးဒ်ပွဲတော်ဖြစ်ပါစေ” […]

» Read more

ကမ္ဘာကျော်ဘောလုံးသမားတွေနဲ့ ကလပ်အသင်းတွေ အီးဒ် နှုတ်ခွန်းဆက်သ

အစ္စလာမ်ဘာသာဝင်တွေအထွဋ်အမြတ်ထားရာ ဝါတွင်း ရမဇာန်လမြတ်ကုန်ဆုံးပြီး ဝါကျွတ်အီးဒ်နေ့အခါသမယမှာ ကမ္ဘာကျော်ဘောလုံးသမားတွေက နှုတ်ခွန်းဆက်သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။   အီဒွလ်ဖိသိရ် ဝါကျွတ်အီးဒ်နေ့ သဝဏ်လွှာပေးပို့ခဲ့ကြတဲ့ ဘောလုံးသမားတွေထဲမှာ အာဆင်နယ်ကစားသမား မီစွတ်အိုဇေးနဲ့ မန်ယူကစားသမား ပေါလ်ပေါ့ဂ်ဘာတို့လည်းအပါအဝင်ဖြစ်ပါတယ်။ ပေါ့ဂ်ဘာက “မိသားစုဝင်တွေနဲ့ အကောင်းဆုံးအချိန်ကိုပိုင်ဆိုင်နိုင်ပါစေ။ အလ္လာဟ်အရှင်မြတ်က […]

» Read more

မြန်မာပြည် အီးဒ်လမြင်ပြီ

ဗဟိုလကြည့်စီစစ်ရေးကော်မတီ၏ဆုံးဖြတ်ချက်အရ နိုင်ငံအနှံ့ အပြားတွင် ရှောင်ဝါလ်ဆန်းဦးစ လ တွေ့မြင်ပါသဖြင့် မနက်ဖြန် ဇွန်လ ၂၆ရက်နေ့ တနင်္လာနေ့သည် အီဒွလ်ဖိသိရ်ဝါကျွတ်အိဒ်နေ့ ဖြစ်ပါသည်။ ကောင်းချီးမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံပြီး ပျော်ရွှင်ကြည်နူးဖွယ်ရာ အီးဒ်ပွဲတော်ဖြစ်ပါစေကြောင်း ဉာဏ်အလင်းဝိုင်းတော်သားများမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

» Read more

မွတ်စလင်တွေရဲ့ အီဒွလ်ဖိသိရ် (စမိုင်အစ်)

မွတ်စလင်တို့ အထွဋ်အမြတ်ထားရာ ရမဇာန်ဥပုသ်လကုန်ဆုံးပြီး ရှောင်ဝလ်လ ၁ရက်နေ့ မှာ ၀ါကျွတ်အီးဒ်ပွဲတော်နေ့ကျရောက်ပါတယ်။ ဒီနှစ်အတွက်ဆိုရင်တော့ အစ္စလာမ့် ဟစ်ဂျရီပြက္ခဒိန်အရ ၁၄၃၈ ခုနှစ် ရှောင်ဝလ်လ (၁) ရက်နေ့ဖြစ်မှာပါ။ ခရစ်နှစ်အရ မြန်မာနိုင်ငံမှာ ၂၅.၆.၂၀၁၇ ခုနှစ် ညနေ […]

» Read more

ရန်ကုန်ဖိသ်ရဟ်ပေါက်ကြေး ၁၀၀၀ ကျပ် လို့ အိုလမာကြေညာ

ဒီနှစ် အီးဒ်နေ့ဟာ အစ္စလာမ့် ဟစ်ဂျရီပြက္ခဒိန်အရ ၁၄၃၈ ခုနှစ် ရှောင်ဝလ်လ (၁) ရက်နေ့ဖြစ်မှာပါ။ ခရစ်နှစ်အရ မြန်မာနိုင်ငံမှာ ဇွန်လ ၂၅ ရက်ညနေ နေ၀င်ပြီးချိန်မှာ လမြင်/မမြင်ကို ကြည့်ရမှာဖြစ်ပါတယ်။ လမြင်ရင် ၂၆ ရက်နေ့ […]

» Read more