ကြားသမျှစကားတိုင်းကို မစူးစမ်းမဆင်ခြင်ဘဲ ပြန်လည်ဖောက်သည်ချသူသည် လူလိမ်ဖြစ်ရန်လုံလောက်သည်

ကဏ္ဍ – Hadith

(M.ကျော်ထွေးဝင်း)

မိမိကြားသမျှစကားတိုင်းကို မစူးစမ်းမဆင်ခြင်ဘဲ ပြန်လည်ဖောက်သည်ချသူသည် လူလိမ်ဖြစ်ရန် လုံလောက်သည်။

(မွစ္စလင်​မ်​ကျမ်း1/10)

ဒီက​နေ့မြန်​မာမွတ်စလင်​​တွေရဲ့ဘဝဟာအချိန်​တိုင်း ကျီးလန့်​စာစားအ​ခြေ​နေမှာရှိ​နေတယ်​။ ဒီလိုမျိုးအခြေအနေမှာ လူတိုင်းဟာ ယ​နေ့နိုင်​ငံ့အ​ခြေ​နေ၊ မြို့အ​ခြေ​နေ၊ ရပ်​ကွက်​အခြေနေ​တွေကိုလူသုံးများတဲ့ လူမူကွန်​ယက်​​တွေက​နေတစ်ဆင့် သတင်းယူနားစွင့်​​နေ​​လေ့ရှိကြပါတယ်။ ဒီအ​ချက်​ကိုအခွင့်​ကောင်းယူပြီး မသမာသူအုပ်​စု​တွေက လုပ်​ကြံလီဆယ်​သတင်း တွေကို နည်းမျိုးစုံ​ဖြန့်​​ဝေပြီး ဘာသာ​ရေးလူမျိုး​ရေးပြသနာ​တွေမဖြစ်​ဖြစ်​​အောင်​အမျိုးမျိုးဖန်​တီး​နေကြပါတယ်​။

ဒီအ​ခြေ​နေကိုမသုံးသပ်​နိုင်​ကြတဲ့ အစ္စလာမ်​ဘာသာဝင်​​ညီနောင်တွေထဲက အသိပညာအားနည်းတဲ့သူ​တစ်​ချို့ဟာ ဒီ​ထောင်​​ချောက်​ထဲ မိနေကြပါတယ်။ ဒီရက်​ပိုင်းလုပ်​ကြံ လီဆယ်​ထားတဲ့သတင်း​တွေကို ​သေချာမစူးစမ်းမ​လေ့လာဘဲ ကြားသမျှ facebook​ပေါ်​တွေ့သမျှအကုန် ထပ်​ဆင့်​ဖြန့်​​ဝေ​နေတာဝမ်းနည်းစရာအ​ခြေ​နေပါပဲ။ အမှန်​တကယ်​​တော့ မွတ်စလင် တစ်​​ယောက်​ဟာ အစ္စလာမ်​အဆိုအဆုံးမ​တွေကိုပြည့်​ပြည့်​ဝဝသင်​ယူထားရင်​ ဒီလိုမျိုး​ထောင်​​ချောက်​​တွေကိုလွယ်​ကူစွာ​ကျော်​လွားသွားနိုင်​ပါတယ်​။ ဒါကြောင့် သတင်းတစ်ပုဒ်​ကို ယူတဲ့အခါဖြန့်​​ဝေတဲ့အခါမွတ်စလင်တစ်​​ယောက်​အတွက်​ သာသနာ့အဆုံးမ​တွေဘာ​တွေရှိလဲ။ ​ကောလဟာလ သတင်း​တွေဖြန့်​​ဝေခြင်းဟာ သာသနာမှာဘယ်​​လောက်​ထိ အပြစ်ကြီးမားသလဲဆိုတာဒီ​လတင်​ပြ​ပေးသွားပါမယ်​။

သတင်းတစ်​ပုဒ်​ယူတဲ့အခါအရင်​ဆုံးဒီသတင်းနဲ့ပတ်​သက်​ပြီး အ​သေချာစူးစမ်း​ဆင်​ခြင်​ဖို့ကုရ်​အားန်​ကျမ်း​တော်​မြတ်​ထဲမှာ​အောက်​ပါအတိုင်းအမိန့်​ရှိထားပါတယ်​။

အို-“မုအ်မင်န်” သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ စာရိတ္တဖောက်ပြန်သူတစ်ဦးတစ်ယောက်သည် အသင်တို့ထံ တစ်စုံတစ်ရာ သတင်းကို ယူဆောင်လာခဲ့သည်ရှိသော အသင်တို့သည် မသိဘဲလျက် လူမျိုးတစ်မျိုးကို အန္တရာယ်မပြုမိကြရန် (ယင်းသတင်း) မှန်မမှန်ကို (စူးစမ်း) စစ်ဆေးကြလေကုန်။ (သို့မဟုတ်လျှင်) အသင်တို့သည် မိမိတို့ပြုမိခဲ့ကြသောကိစ္စကြောင့် ကြေကွဲကြရပေမည်။ (၄၉:၆)

ဒီအာယသ်​ကျ​ရောက်​လာတဲ့​နောက်​ခံသမိုင်း​က​တော့ဆွဟာဗီ တစ်​ပါးဟာ သတင်း အမှားတစ်​ခုကို မစူးစမ်းမ​လေ့လာဘဲဖြန့်​​ဝေလိုက်​တဲ့​ နောက်​ပိုင်းဒီသတင်းက​ကောလဟာလဖြစ်​​နေတဲ့အခါမှာ ဆွဟာဗဟ်​​တွေဟာ ဆုံးရူံးမူကြီးကြီးမားမားတစ်​ခုက​နေ ကပ်​သီး​လေးလွတ်​သွားပြီး မိမိတို့အမှားအတွက်​​နောင်​တရကြရတယ်​။ ထိုအချိန်​မှာပဲအလ္လာဟ်​အရှင်​မြတ်​သခင်​က အီမာန်​ရှင်​​တွေအားလုံးကိုသတင်းဖြန့်​​ဝေတဲ့အခါမှာ​သေချာစူးစမ်း​လေ့လာပြီးမှ ဖြန့်​​ဝေဖို့ သတိ​ပေးနိုးကြားတဲ့အ​နေနဲ့ အထက်​ပါအာယသ်​ကို ချ​ပေးသနား​တော်​မူခဲ့ခြင်းဖြစ်​တယ်​။

သတင်းတစ်​ပုဒ်​နဲ့ ပါတ်​သတ်​ပြီး မဖြန့်​ခင်​ ဘာလုပ်​ရမယ်​ ဆိုတာကို ကျမ်းမြတ်​ကုရ်​အာန်​ ရဲ့အာယသ်​​တော်​​နောက်​တစ်​ပုဒ်​မှာ အခုလို ညွှန်​ကြားထားပါတယ်​။

ထိုမှတပါးတုံ ၎င်းတို့ထံ စိတ်အေးဘွယ်ရာသော သတင်းတရပ်ရပ်၊ သို့မဟုတ် ကြောက်ရွံစိုးရိမ်ဘွယ်ရာသော သတင်းတရပ်ရပ်ရောက်ရှိလတ်သော်၊ ထိုသူတို့သည် ၎င်းသတင်းကို (စဉ်းစား ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ ချက်ခြင်းပင်) ပျံ့နှံ့စေလေ့ရှိကြသည်။ အကယ်၍သာ ထိုသူတို့သည် ၎င်းသတင်းကို ရစူလ်တမန်တော်ထံသို့ဖြစ်စေ၊ သို့မဟုတ် သြဇာအာဏာရှိသူများထံသို့ဖြစ်စေ၊ ပို့ဆောင်လွှဲအပ်ခဲ့ကြပါမူ၊ ထိုသူတို့အနက်မှ နက်နဲစွာ စဉ်းစားဆင်ခြင်တတ်သောသူတို့သည် ထိုသတင်း (၏ အခြေအမြစ်) ကိုမလွဲဧကန် (ဝေဖန်ပိုင်းခြား၍) သိရှိကြပေမည်။ အမှန်စင်စစ်ကား အကယ်၍သာ အသင်တို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ကရုဏာတော်သည် မရှိခဲ့ပါမူ အနည်းငယ်သော သူတို့မှအပ အသင်တို့ (အားလုံး)သည် ရှိုင်တွာန်၏ နောက်သို့မုချလိုက်ခဲ့ကြမည်သာတည်း။ (​၄း​၈၃)

ဒါ့​ကြောင့်​ စကားတခုကို မဖြန့်​မီ ​သေ​သေချာချာ စူးစမ်း​လေ့လာဖို့ လိုပါတယ်​။ ဒီစကားဟာ မှန်​ မမှန်​ ​လေ့လာရမယ်​။ မှန်​တယ်​ ဆိုရင်​လည်း ဖြန့်​သင့်​ မဖြန့်​သင့်​ ချင့်​ချိန်​ရပါမယ်​။ မှန်​တိုင်းလည်း လိုက်​ဖြန့်​လို့ မသင့်​တာ​တွေရှိပါတယ်​။ အတွေ့အကြုံရှိတဲ့ လူကြီးများ ပညာရှင်​များကို ​အရင်​ဆုံး အ​​ကြောင်းကြားပြီးသတင်း မှန်​ မမှန်​ စူးစမ်းရမယ်​။

မှန်​တယ်​ ဆိုရင်​လည်း ဖြန့်​သင့်​ မဖြန့်​သင့်​ လူကြီးများကို ​မေးမြန်​ရမယ်​။ ဒီလိုမှမဟုတ်ဘဲ သတင်းတစ်​ပုဒ်​ကို မစူးစမ်းမဆင်​ခြင်​ပဲ ထပ်​မံ ဖြန့်​ချီမျှ​ဝေခြင်းဟာ အပြစ်​ဂိုနာဟ်​ဖြစ်​တဲ့အပြင်​ လူ​တွေကြားမှာ မလိုလားအပ်​တဲ့ ပြသနာ​တွေ အမုန်းတရား​တွေ ကို ဖြစ်​​စေပါတယ်​။

ထိုနည်း၎င်း သတင်းစကား​တွေကိုဖြန့်​​ဝေတဲ့အခါမှာ​သေချာစူးစမ်း​လေ့လာဖို့၊ ကြားသမျစကားကိုနားမ​ယောင်​ဖို့ဟဒီးစ်​​တော်​အ​မြောက်​များမှာ တမန်​​တော်​မြတ်​ကြီးဆွလ္လလ်​လားဟုအလိုင်းဟိဝစလ္လမ်​ရဲ့ဆိုဆုံးမမူ​တွေလာရှိထားပါတယ်​။

ဟဒီးစ်​တစ်​ပုဒ်​မှာ​အမိန့်​ရှိ​တော်​မူတယ်​။

လူသားတစ်​ဦးအတွက်​မိမိကြားသမျှစကားတိုင်းအား မစူးစမ်းမလေ့လာဘဲ ပြန်လည်ဖောက်သည်ချခြင်းသည်အပြစ်​ထိုက်​သူဖြစ်​ရန်​လုံ​လောက်​​ပေသည်​။(အဗူဒါဝူးဒ်​ကျမ်း၄၉၉၄)

အခြားဟဒီးစ်​​တော်​တစ်​ပုဒ်​မှာမိန့်​ဆို​တော်​မူတယ်​။

အလ္လာဟ်​အသျှင်​မြတ်​က မိခင်​​တွေရဲ့ အမိန့်​ဖီဆန်​ခြင်း၊ သမီးများကို ​မြေမြုပ်​သတ်​ခြင်း နဲ့ တပါးသူ ရပိုင်​ခွင့်​ မ​ပေးပဲ​နေခြင်းကို ဟရာမ်​ မပြုပိုင်​​သောအရာအဖြစ်​ သတ်​မှတ်​ထား​တော်​မူတယ်​။ အသျှင်​မြတ်​က အသင်​တို့ ဟိုစကား ဒီစကား ​ဖောက်​သည်​ချခြင်း၊အ​မေးအမြန်းထူခြင်းနဲ့ ပစ္စည်းဖြုန်းတီးခြင်းကို စက်​ဆုပ်​ရွံရှာ​တော်​မူတယ်​။ (ဗုခါရီကျမ်း၂၂၃၁)

နောက်​ဟဒီးစ်​​တော်​တစ်​ပုဒ်​မှာ အမိန့်​ရှိ​တော်​မူတယ်​။

မုသားဟုထင်​ရ​သောသတင်းတစ်​ပုဒ်​အားပြန်​လည်​​ဖောက်​သည်​ချ​သောသူသည်​လူလိမ်​များအနက်​မှတစ်​ဦးဖြစ်​သည်။ (ဆဟီးဟ်​အိဗ်​​နေဟဗ်​ဗားန်​ကျမ်း၂၉)

တစ်​ကယ်​​တော့ဒီလိုသတင်း​တွေမစူးစမ်းမဆင်​ခြင်​ပဲဖြန့်​​ဝေ​နေရခြင်းရဲ့အ​ကြောင်းရင်းတစ်​ခုကလူသားရဲ့အလျင်​စလိုပြုလုပ်​တတ်​တဲ့စိတ်​ဓာတ်​အ​လောတကြီးလုပ်​တတ်​တဲ့စိတ်​ဓာတ်​​ပေါ်မှာမြစ်​ဖျားခံပါတယ်​။

အလျင်​စလိုစိတ်​ဓာတ်​အ​လောတကြီးစိတ်​ဓာတ်​ကိုကုရ်​အားန်​ကျမ်း​တော်​မြတ်​နဲ့ဟဒီးစ်​​တော်​​တွေမှာရူတ်​ချထားပါတယ်​။

ကုရ်​အားန်​ကျမ်း​တော်​မြတ်​မှာအရှင်​မြတ်​အမိန့်​ရှိ​တော်​မူတယ်​။

မနုဿလူသားသည် အလျင်လိုမှုဖြင့် ဖန်ဆင်းခြင်းခံခဲ့ရလေသည်။ မကြာမြင့်မီပင်ငါအရှင်မြတ်သည် မိမိသက်သေလက္ခဏာတော်များကို အသင်တို့အား ပြသတော်မူမည်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်အထံတော်တွင် အလျင်မလိုကြကုန်လင့်။ (၂၁း၃၇)

ဟဒီးစ်​​တော်​တစ်​ပုဒ်​မှာတမန်​​တော်​မြတ်​ကြီးအမိန့်​ရှိ​တော်​မူတယ်​။

အေး​ဆေးတည်​ငြိမ်​ခြင်းသည်​ အလ္လာဟ်​အသျှင်​မြတ်​ဖက်​မှ ဖြစ်​ပြီးအလျင်​စလို အ​လောတကြီးလုပ်​ခြင်းသည်​ရိုင်​တွာန်​ဖက်​မှဖြစ်​သည်​။ (သိရ်​မိဇီကျမ်း၂၀၁၂)

ဒါ​ကြောင့်​ စိတ်​ခံစားချက်​​တွေကို ​ရှေ့တန်းတင်​ပြီးအလျင်​စလိုအ​လောတကြီး မစူးစမ်းမဆင်​ခြင်​ပဲ သတင်း​တွေကို မဖြန့်​ ကြပါနဲ့။ မ​သေချာ မခိုင်​လုံ​သော သတင်းများကို ဖြန့်​ချိခြင်း အားဖြင့်​ ကျွန်​​တော်​တို့ဟာ ​လောကီ ​လောကုတ္တရာ ဆုံးရှုံးမှုများနဲ့ ရင်​ဆိုင်​ရမှာ ဖြစ်​ပါတယ်​။

အလ္လာဟ်​အသျှင်​မြတ်​ ကျွန်​​တော်​တို့အားလုံးကို ဆင်​ခြင်​နိုင်​စွမ်း ချီးမြှင့်​​တော်​မူပါ။

အာမီးန်

စက်တင်ဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၀) ဟာ 5 MB သာရှိတာကြောင့် အလွယ်တကူပေါ့ပေါ့ပါးပါး အခမဲ့ Download ရယူနိုင်မှာပါ။ ကဏ္ဍစုံလင်တဲ့ ရသစုံ ဉာဏ်အလင်းမဂ္ဂဇင်းကို ဖတ်ဖို့ အောက်ဖော်ပြပါ Mediafire သို့မဟုတ် pCloud ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ရယူလိုက်ပါ။
Mediafire – http://bit.ly/2xGZNs6