ဟာဂျီတွေအတွက် အဲယာကွန်းပါတဲ့ “မက္ကာဟ်ထီး” လာပြီ

ဆော်ဒီအင်ဂျင်နီယာတစ်ယောက်က “မက္ကာဟ်ထီး” လို့ခေါ်တဲ့ လေအေးပေးစက်ပါပြီးသား ထီးတစ်လက်ကို ထုတ်လုပ်လိုက်ပါတယ်။ အဲဒီထီးဟာ နေရောင်ခြည်စွမ်းအင်ကိုအသုံးပြုပြီး မက္ကာဟ်လာရောက်တဲ့ ဘုရားဖူးတွေကို ရေဓာတ်မဆုံးရှုံးအောင်နဲ့ အပူမရှပ်အောင် ကာကွယ်ပေးမယ်လို့သိရပါတယ်။ ဟာဂ်ျရာသီမှာဆိုရင် ဟရာမ်နယ်မြေတွေမှာ အပူချိန် ၄၀ ဒီဂရီနဲ့အထက်ရှိတတ်ပါတယ်။
 
မက္ကာဟ်မြို့သား မုဟမ္မဒ် ဟမီးဒ် ဆားယေးဂ်ဆိုသူကို သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက အင်မတန်ပူပြင်းတဲ့ရာသီဥတုနဲ့ တိုက်ဆိုင်နေတဲ့ ၂၀၁၇ ဟဂ်ျရာသီမှာ ဟာဂျီတွေအတွက် အဆင်ပြေအောင် အိုင်ဒီယာအသစ်တွေထုတ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။
 
“ဒီ အဲယားကွန်းထီးဟာ နေရောင်ခြည်စွမ်းအင်နဲ့အားပြည့်ပါတယ်။ မဟုတ်ရင်လည်း ဘတ္ထရီလဲပဲဖြစ်ဖြစ်၊ ဘတ္ထရီကို လျှပ်စစ်နဲ့ အားဖြည့်တာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ အလေးချိန်ကလည်း ပေါ့ပါပြီး (၆၁၀ ဂရမ်) အသုံးပြုရလွယ်ကူပါတယ်။ အရှိန်နှစ်ဆင့်မြှင့်လို့ရတဲ့ ပန်ကာကို ဘယ်ရေဘူးနဲ့မဆို အလွယ်တကူချိတ်လို့ရအောင် ဖန်တီးထားပါတယ်။ ရေဘူးကိုတော့ ထီးအရွက်ထဲမှာ ထည့်လို့ရအောင်လုပ်ထားပါတယ်။ အဲဒီရေဘူးကို လက်ညှစ် ပန့်လေးနဲ့ချိတ်ထားပြီး ရေမွှားလေးတွေထွက်အောင်လုပ်လို့ရပါတယ်” လို့ မုဟမ္မဒ်ဟမီးဒ်က သူ့ရဲ့တီထွင်မှုနဲ့ပတ်သက်ပြီးရှင်းပြထားပါတယ်။
 
ဒီအဲယားကွန်းထီးကို လက်ညှစ်ပန့်ကတစ်ဆင့် ရေပန်းအောင်ပြုလုပ်ပြီး နာရီပေါင်းများစွာကြာတဲ့အထိ အသုံးပြုနိုင်တယ်လို့ သူကပြောပါတယ်။
 
“မက္ကာဟ်ထီး” ရဲ့အရောင်းမန်နေဂျာ ရအိဒ်မာတာကလည်း ဒီနှစ်ထဲမှာ ထီးရအောင်စီစဉ်ပေးနိုင်ခဲ့လို့ ပျော်နေကြောင်း၊ ထီးဟာ မုဟမ္မဒ်ဟမီးဒ်ရဲ့ ဒီဇိုင်းနဲ့ တရုတ်ပြည်ကုမ္ပဏီက အကောင်အထည်ဖော် ထုတ်လုပ်တာဖြစ်ကြောင်း၊ ဒီထီးကို မက္ကာဟ်မှာသာမက တခြားပူပြင်းတဲ့ဘယ်ဒေသမှာမဆို သုံးလို့ရကြောင်း ရှင်းပြခဲ့ပါတယ်။
 
မုဟမ္မဒ် ဟမီးဒ် ဆားယေးဂ်ကတော့ သူ့ရဲ့တီထွင်မှုကို King Abdulaziz City for Science and Technology (KACST) မှာ မှတ်ပုံတင်ထားလိုက်ပါပြီ။
Ref: saudigazette

ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM

3 comments

  • Mya Thaung

    How much is selling price? Is it available at Bin Wawood supermarket?

    • Enlightenment

      ရောင်းဈေးကို မူရင်းသတင်းထဲမှာ ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူးခင်ဗျာ

  • Mya Thaung

    Bin Dawood supermarket