အသက် ၁၀၀ အရွယ်ရှိ ဆော်ဒီကျောင်းသားကြီး

ဘီရှာမြို့က အသက် ၁၀၀ အရွယ်ရှိ ယဟ်ယားဘင်န်ဖှာယီး အလ်-ရီသီ (Yahya bin Fayie Al-Reethi) က ကျောင်းပြန်တက်ခဲ့ပြီး “ပညာလို အိုသည်မရှိ” ကြောင်း သက်သေပြသွားခဲ့ပါတယ်။

Al-Sada Center ကနေ ဦးဆောင်ပြုလုပ်တဲ့ စာတတ်မြောက်ရေးကမ်ပိန်းရဲ့ အမျိုးသမီးကျောင်းသား၊ ကျောင်းသူ ၉၀၀ ထဲမှာ ယဟ်ယားလည်း ပါဝင်ခဲ့တာပါ။ အသက်အရွယ်အနေအထားအရ ကျန်းမာရေးချို့တဲ့နေပေမယ့် စာတတ်ဖို့အရေးအတော်လေးကို စိတ်နှစ်မြှုပ်ကာလေ့လာသင်ယူနေတာတွေ့ရပါတယ်။

ရေးတတ်၊ ဖတ်တတ်ခြင်းဟာ သူ့ရဲ့အကြီးကျယ်ဆုံးအိပ်မက်ဖြစ်ကြောင်း၊ ဒီနေ့သူ့အိပ်မက်ဟာအကောင်အထည်ပေါ်လာပြီး ကျန်းတော်မြတ်ကုရ်အာန်ကို ကြည့်ကာရွတ်ဖတ်နိုင်ပြီဖြစ်ကြောင်း ယဟ်ယားဘင်န်ဖှာယီး အလ်-ရီသီက ရင်ဖွင့်ပြောကြားလိုက်ပါတယ်။

Ref: Arab News

ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ။
Mediafire – http://bit.ly/2umlRbf