ကန္တာရအတွင်း ကျသည့်နှင်း

ကမ္ဘာ့အပူပြင်းဆုံးဒေသထဲတွင် တစ်ခုပါဝင်သည့် အာဖရိကနိုင်ငံ ဆာဟာရသဲကန္တာရကြီးတွင် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးနှင်းကျခဲ့သည့် ဖြစ်စဉ်အား ဓာတ်ပုံဆရာ ကရီးမ် ဘူရှက်တာတာ (Karim Bouchetata) က ရှားပါးမှတ်တမ်းတင်နိုင်ခဲ့သည်။

သဲကန္တာရကြီး၏ မြောက်ဘက်ခြမ်း အတ္တလက်စ်တောင်တန်းများဘက်၌တည်ရှိသော အယ်ဂျီးရီးယားနိုင်ငံမြို့ငယ်လေး အိန်း ဆဲဖ်ရာ (Ain Sefra) တစ်ဝိုက်တွင် အောက်ဖော်ပြပါ ဓာတ်ပုံများကို ရိုက်ကူးထားခြင်းဖြစ်သည်။

ပုံထဲတွင် လိမ္မော်ရောင် သဲကမ္ပလာကြီးပေါ်၌ ပါးလွှာသော နှင်းထုက တစ်ရက်တာလွှမ်းခြုံထားသည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။ အိန်း ဆဲဖ်ရာတွင် နောက်ဆုံးနှင်းကျခဲ့သည်မှာ ၁၉၇၉ ခုနှစ်ကဖြစ်ပြီး ထိုစဉ်က နာရီဝက်ကြာသည့် နှင်းမုန်တိုင်းကြောင်း ကားလမ်းပိတ်ဆို့မှုဖြစ်ခဲ့ရသည်ဟုဆိုသည်။

မစ္စတာ ဘူရှက်တာတာက “ကန္တာရထဲမှာ နှင်းကျတော့ လူတိုင်းရင်သပ်ရှုမောဖြစ်ရတာပေါ့။ သိပ်ကိုရှားပါးတဲ့ဖြစ်စဉ်လေ။ သဲပေါ်မှာ နှင်းထုခင်းထားတာကို ရိုက်ရတော့ သိပ်ကောင်းတဲ့ပုံတွေထွက်လာတယ်ဗျ။ နှင်းတွေက တစ်ရက်လောက်ကြာအောင်ရှိနေပြီးတော့မှ အရည်ပျော်သွားခဲ့တယ်” ဟု ပြောပြသည်။

အိန်း ဆဲဖ်ရာမြို့ကို ၁၈၈၁ ခုနှစ်က တည်ခဲ့ပြီး ပြင်သစ်မြို့စောင့်တပ်အဖြစ် အသုံးတော်ခံခဲ့ကာ “ကန္တာရ၀င်ပေါက်”အဖြစ် တင်စားခေါ်ဝေါ်ခံခဲ့ရသည်။ မြို့၏ ရာသီဥတုမှာ အစွန်းနှစ်ဖက်သို့ရောက်နေပြီး နွေရာသီပျဉ်းမျှအပူချိန်မှာ ၃၇ ဒီဂရီ ဆဲလ်စီယက်စ်ရှိသလို ဆောင်းရာသီတွင်လည်း အနှုတ် ၁၀.၂ ဒီဂရီဆဲလ်စီယက်စ်ထိအောင် စံချိန်တင်ကျဆင်းခဲ့ဖူးသည်။

အယ်ဂျီးရီးယားနိုင်ငံ အိန်းဆဲဖ်ရာမြို့အနီး ဆာဟာရသဲကန္တာရအတွင်း နှင်းများကျနေသည်ကို တွေ့မြင်ရစဉ် Karim Bouchetata/Geoff Robinson Photography

မတ်စောက်သောဆင်ခြေလျှောများကြောင့် သဲန္တာရတစ်ခွင်လုံးကို နှင်းမဖုံးလွှမ်းနိုင်ဘဲ ၀ဲဂယက်သဏ္ဌာန်ဖြစ်နေသည်ကို တွေ့ရစဉ် Karim Bouchetata/Geoff Robinson Photography

ကန္တာရအတွင်းမှ အလန်းစားဓာတ်ပုံများကို လွန်ခဲ့သည့်နှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ကရီးမ်ဘူရှက်တာက ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ Karim Bouchetata/Geoff Robinson Photography

အိန်းဆဲဖ်ရာတွင် နှစ်ပေါင်း ၄၀ အတွင်း နှင်းကျသည်ကို ပထမဆုံးမြင်ရခြင်းဖြစ်သည်။ Karim Bouchetata/Geoff Robinson Photography

နှင်းထုသာ တစ်ရက်သာခံခဲ့သည်။ Karim Bouchetata/Geoff Robinson Photography

အိန်းဆဲဖ်ရာမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၀၀၀ သာမြင့်သည်။ Karim Bouchetata/Geoff Robinson Photography

ကန္တာရအတွင်း နှင်းကျသည့်ရှားပါးပုံများကို အပျော်တမ်းဓာတ်ပုံဆရာ ကရီးမ်ဘူရှက်တာက မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။ Karim Bouchetata/Geoff Robinson Photography

ဉာဏ်အလင်း

ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oN7U1f
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1