ဆာရာယေဗိုမှာ လုံခြုံစိတ်ချရပါကြောင်း …

ဉာဏ်​အလင်း လစဉ်ထုတ် အွန်လိုင်း မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၃) ရဲ့ Soceity & Harmony ကဏ္ဍ ဖြစ်ပါတယ်။

(စတီဗင်ရေးသည်)

ဥရောပနိုင်ငံတော်တော်များများမှာ ဂျူးဆန့်ကျင်ရေးဝါဒ (Anti-semitism)နှင့် အစ္စလာမ်ကြောက်ရောဂါ (Islamophobia) တို့ အရှိန်မြင့်နေပေမယ့် မွတ်စလင်အများစုနေထိုင်တဲ့ ဥရောပနိုင်ငံတွေမှာတော့ ဂျူးလူမျိုးတွေဟာ ကိုယ့်အိုးကိုယ့်အိမ်သဖွယ် လုံခြုံစိတ်ချစွာနေထိုင်နိုင်ကြပါတယ်။

လူဦးရေ ၆၀၀ နဲ့ ၇၀၀ အကြားသာရှိတဲ့ဂျူးအသိုင်းအ၀ိုင်းလေးဟာ ဆာရာယေဗိုမှာနေထိုင်ပါတယ်။ အဲဒီအရေအတွက်ဟာ ဘော့စနီးယားနှင့်ဟာဇာဂိုးဗီနားတစ်နိုင်ငံလုံးမှာရှိတဲ့ ဂျူးလူဦးရေ ခန့်မှန်း ၁၀၀၀ ၀န်းကျင်ရဲ့ ၆၀ နဲ့ ၇၀ ရာခိုင်နှုန်းရှိပါတယ်။ မွတ်စလင်အများစုနေထိုင်တဲ့ ဘော့စနီးယားနိုင်ငံမှာ ဂျူးအသိုင်းအ၀ိုင်းရှိခဲ့တာ နှစ်ပေါင်း ၄၅၀ သက်တမ်းရှိခဲ့ပါပြီ။

လူဦးရေနည်းပါးခြင်းဟာ လက်ရှိဂျူးအသိုင်းအ၀ိုင်းရင်ဆိုင်နေရတဲ့ အဓိကပြဿနာပါ။ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း နာရေး ၄၃ကြိမ်နဲ့ ကလေးနှစ်ယောက်သာ မွေးဖွားခဲ့ပါတယ်။ ၂၀၁၄ခုနှစ်မှာ ကလေး ၁၀ ယောက်မွေးခဲ့ပြီး ၂၀၁၅ အရောက်မှာ ကလေး ၁၂ ယောက် ထပ်တိုးခဲ့ပါတယ်။ ဒါဟာ စံချိန်ချိုးတဲ့အရေအတွက်ဖြစ်ပြီး အသိုင်းအ၀ိုင်းအတွက် အားတက်စရာပါပဲ။ အခုတော့ မူကြိုကျောင်းပါဖွင့်ဖို့ စီစဉ်နေရပါပြီ။ “ကျနော်တို့တွေ အသိုင်းအ၀ိုင်းအားလုံးနဲ့ ပေါင်းစပ်နိုင်ကြပေမယ့် တသားထဲတော့ကျမနေဘူလို့ ခံစားရပါတယ်” လို့ တစ်နိုင်ငံလုံးဆိုင်ရာ ဂျူးအသိုင်းအ၀ိုင်းဥက္ကဋ္ဌ ဂျကော့ဖှင်ချီက ပြောပါတယ်။ သူဟာ အရင်က ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ ဘော့စနီးယားသံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဂျကော့ဖှင်ချီက အောက်ပါအတိုင်းဆက်ပြောပြပါတယ်။

“ကျနော်တို့ရဲ့ ဂျူးဘုရားကျောင်းက အမြဲတမ်းတံခါးဖွင့်ထားတယ်။ လုံခြုံရေးထူထူထပ်ထပ်ချထားဖို့မလိုဘူး။ ၁၉၉၅ ခုနှစ်ကနေစပြီးတွက်ရမယ်ဆိုရင် ကျနော်တို့ ဂျူးအသိုင်းအ၀ိုင်းကို ပစ်မှတ်ထားတိုက်ခိုက်တာ တစ်ခေါက်မှ မရှိခဲ့ဘူး။ တံခါးဖွင့်ထားပေမယ့် လုံခြုံတယ်လို့ခံစားရတယ်”

“ဘော့စနီးယားပြည်သူတွေက တခြားလူတွေလိုမဟုတ်ဘူး။ သူတို့က အစ္စရေးတွေနဲ့ ဂျူးလူမျိုးတွေကို ခွဲမြင်နိုင်ကြတယ်။ ဒီနိုင်ငံရဲ့လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်က မွတ်စလင်တွေ။ အားလုံးနီးပါးက ပါလက်စတိုင်းတွေဖက်က ရပ်တည်ကြတယ်။ အဲဒီရပ်တည်ချက်ကြောင့် နိုင်ငံအတွင်းက ဒေသခံဂျူးတွေအပေါ် အမြင်စောင်းတာမျိုးလုံးဝမရှိကြဘူး”

Ref: DW

ဆာရာယေဗိုဂျူးအသိုင်းအ၀ိုင်းမှလူကြီးပိုင်းများ

ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၃) ကို Download ရယူရန် –
Mediafire – http://bit.ly/2jBaW9S
pCloud – http://bit.ly/2l0FGNP
Dropbox – http://bit.ly/2jHxCAE