ကမ္ဘာ့မီဒီယာတွေကို လွှမ်းမိုးခဲ့တဲ့ ရခိုင်ပြဿနာ

ကဏ္ဍ – Cartoon

ဉာဏ်အလင်း

သြဂုတ် ၂၅ ရက် ကစလို့ ကမ္ဘာ့မီဒီယာစာမျက်နှာတွေပေါ်မှာ တစ်နေ့တစ်မျိုးမရိုးနိုင်အောင် နေရာယူထားတဲ့ ကိစ္စကတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးပဲဖြစ်ပါတယ်။ အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်း ARSA က ရဲကင်းတွေကိုတိုက်ခိုက်ခဲ့ပြီးနောက် အဲဒီဒေသမှာ မြန်မာစစ်တပ်ကစစ်ဆင်ရေးဆင်နွှဲခဲ့ပါတယ်။

နှစ်ဖက်အပြန်အလှန်စွပ်စွဲမှုတွေရှိနေပြီး မြန်မာစစ်တပ်က ရွာတွေကိုမီးရှို့ကြောင်းနဲ့ ထွက်ပြေးတဲ့ဒုက္ခသည်တွေကို ထိခိုက်စေလိုတဲ့သဘောနဲ့ သူတို့ပြေးရာလမ်းကြောင်းတွေမှာ မြေမြှုပ်မိုင်းတွေထောင်ခဲ့ကြောင်း အစရှိတဲ့စွပ်စွဲချက်တွေလည်းထွက်ပေါ်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ သတင်းထုတ်ပြချက်အရ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့ရိုဟင်ဂျာ သုံးသိန်းကျော်ရှိနေပြီလို့သိရပါတယ်။ ရခိုင်ပြည်နယ်အရေးကြောင့် နိုင်ငံတကာခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များနဲ့ နိုဘယ်လ်ဆုရှင်များက ရှုတ်ချကြောင်းထုတ်ဖော်ပြောဆိုခဲ့သလို နိုင်ငံတော်တော်များများမှာလည်း သတ်ဖြတ်မှုတွေရပ်တန့်ဖို့အတွက် ဆန္ဒပြခဲ့ကြပါတယ်။

ဒီလ ဉာဏ်အလင်းရဲ့ကာတွန်းကဏ္ဍမှာ နိုင်ငံတကာကာတွန်းဆရာတွေရဲ့ ဒီကိစ္စအပေါ် ရှုမြင်တဲ့အမြင်တွေကို Cartoon Movement ကနေ ကူးယူဖော်ပြလိုက်ရပါတယ်။

စက်တင်ဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၀) ဟာ 5 MB သာရှိတာကြောင့် အလွယ်တကူပေါ့ပေါ့ပါးပါး အခမဲ့ Download ရယူနိုင်မှာပါ။ ကဏ္ဍစုံလင်တဲ့ ရသစုံ ဉာဏ်အလင်းမဂ္ဂဇင်းကို ဖတ်ဖို့ အောက်ဖော်ပြပါ Mediafire သို့မဟုတ် pCloud ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ရယူလိုက်ပါ။

Mediafire – http://bit.ly/2xGZNs6

pCloud – http://bit.ly/2xLG8J1