အငတ်ဘေးနှင့် စတင်ရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်

မြန်မာနိုင်ငံမှ ကလေးငယ် ထောင်ပေါင်းများစွာသည် အစာရေစာငတ်ပြတ်နေပြီး လာမယ့်နှစ်အတွင်း အာဟာရချို့တဲ့မှုအတွက် ဆေးကုသမှုခံယူဖို့ လိုအပ်နေကြောင်း ကုလသမဂ္ဂအေဂျင်စီတစ်ခုမှ သတိပေးလိုက်သည်။
 
ရခိုင်ပြည်နယ်ရှိ လူပေါင်း ၇၅၀၀၀ ဦးနေထိုင်သည့် ရွာပေါင်း ၄၅ ရွာမှ မှတ်တမ်းများကို အခြေခံကာပြုစုထားသော ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (World Food Program) ၏ အစီရင်ခံစာထဲတွင် ထိုသို့ဖော်ပြထားသည်။ အသက် ငါးနှစ်အောက် ကလေးငယ်ပေါင်း ၈၀၅၀၀ ဝန်းကျင်သည် အာဟာရချို့တဲ့နေသည်ဟုသိရသည်။ ယင်းဒေသတွင် ဝင်ငွေရှားပြီး စားသောက်ကုန်ဈေးမှာအဆမတန်မြင့်တက်နေသောကြောင့် အခြေအနေများမှာ စိတ်ပျက်ဖွယ်ရာပင်ဖြစ်သည်။
 
မှတ်တမ်းရယူခဲ့သည့်ထဲမှ ကလေးငယ်တစ်ဦးတစ်ပင်လျင် အနိမ့်ဆုံးအာဟာရလိုအပ်ချက်နှင့်ကိုက်ညီမှုမရှိခဲ့ပေ။ လူပေါင်း ၂၂၅၀၀၀ သည် လူသားချင်းစာနာသည့်အထောက်အပံ့များလိုအပ်သည့်အနေအထားပင်ဖြစ်သည်။ အကြမ်းဖက်မှုဒဏ်ခံခဲ့ရသော မောင်တောမှ အိမ်သုံးပုံတစ်ပုံတွင် အစာရေစာပြတ်လပ်မှု ဆိုးဆိုးရွာရွားခံစားနေရပြီး တချို့ဆိုလျင် အစာမစားရသည်မှာ ၂၄ နာရီကျော်ပြီဟုသိရသည်။
 
လုံခြုံရေးကြောင့်အမျိုးသားများမှာ အိမ်တွင်မနေရဲတော့ဘဲ ပုန်းရှောင်နေကြသည်။ လူများသည် ကိုယ်အလေးချိန်အလျင်အမြန်ကျဆင်းနေပြီး ပိန်ချုံးလာကြသည်နှင့်အမျှ ကိုယ်ခံအားစနစ်သည်လည်း ကျဆင်းလျက်ရှိသည်ဟု အစီရင်ခံစာထဲတွင်ဖော်ပြထားသည်။ ဒေသတွင်း ဈေးတစ်ဝက်လောက်သည်လည်း ပိတ်သွားပြီဖြစ်သည်။ အဓိကစားသောက်ကုန်ဖြစ်သော ငါးခြောက်သည်ပင်လျင် ရှားပါးပြီး ဈေးနှုန်းမတည်မငြိမ်ဖြစ်လျက်ရှိသည်။
 
Photo – Child refugee in Burma after military retaliation Getty
Ref; Independent

ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM