ဂျေရုစလင်နဲ့ အလ်-အက္ကဆွာကို ကာကွယ်ဖို့ တူရကီသမ္မတတိုက်တွန်း

တူရကီသမ္မတ ရီဆပ်တိုင်ယစ်အာဒိုဂန်က ကမ္ဘာအရပ်ရပ်က မွတ်စလင်တွေအနေနဲ့ ဂျေရုစလင်ကိုသွားရောက်ပြီး ကာကွယ်ဖို့တိုက်တွန်းလိုက်ပါတယ်။ အထွတ်အမြတ်ထားရာဝတ်ကျောင်းတော်ကို ပိတ်ဆို့ခြင်းဟာ ပါလက်စတိုင်းလူမျိုးတွေရဲ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ပြီး လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ သူက ရှုတ်ချလိုက်ပါတယ်။

ဂျူးဘာသာဝင်တွေက Temple Mount လို့ ခေါ်ပြီး အစ္စလာမ်ဘာသာဝင်တွေက အလ်အက္ကဆွာဗလီလို့ခေါ်တွင်တဲ့ ဂျေရုစလင်က ဝတ်ကျောင်းတော်ကြီးကို အစ္စရေးအစိုးရက ဝင်ခွင့် လုံခြုံရေးအရံအတားအသစ်တွေသတ်မှတ်ခဲ့ပြီးနောက်ပိုင်း ဆူပုံအုံကြွမှုဖြစ်ခဲ့ပါတယ်။ ဆူပုံအုံကြွမှုဟာ အရေးအခင်းအသွင်ဖြစ်လာပြီးနောက် တူရကီသမ္မတက အင်္ဂါနေ့မှာ အထက်ပါအတိုင်းတိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။

“မွတ်စလင်တွေအားလုံးကို ကျွန်တော်ပြောပါရစေ။ ဂျေရုစလင်နဲ့ အလ်-အက္ကဆွာဗလီဝတ်ကျောင်းတော်ကို သွားနိုင်သူတိုင်းသွားကြပါ။ ဂျေရုစလင်ကို အားလုံးအတူတကွကာကွယ်ဖို့ လာကြပါ” လို့ သူက ပြောခဲ့တာဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် –

(၁) ဂျေရုစလင်က အလ်-အက္ကဆွာဗလီဝင်းထဲမှာဖြစ်ပွားနေတဲ့ ပဋိပက္ခ https://www.facebook.com/enlightenmentonline/videos/1920562371557565/
(၂) လုံခြုံရေးစည်းမျဉ်းသစ်တွေမဖယ်ရှားပါက အစ္စရေးနဲ့အဆက်အသွယ်ဖြတ်တောက်မယ်လို့ ပါလက်စတိုင်းသမ္မတပြော http://wp.me/p5pNNN-vw
(၃) ဂျေရုဆလင်အရေးအခင်း မြေပြင်အခြေအနေ https://www.facebook.com/enlightenmentonline/videos/1921901994756936/
(၄) အလ်အက္ကဆွာဗလီက သတ္ထုရှာဖွေရေး Metal Detector စက်တွေကို ပြန်ရုပ်သိမ်း http://wp.me/p5pNNN-vL

ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ။
 
Mediafire – http://bit.ly/2umlRbf