မွတ်စလင်တွေရဲ့ ဥပုသ်လ

အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လဖြစ်တဲ့ ရမ်ဇန်လမှာ နိုင်ငံတချို့က မွတ်စလင်တွေရဲ့ လှုပ်ရှားမှုတွေကို အယ်ဂျာဇီးရားသတင်းဌာနက မှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီမှတ်တမ်း ဗီဒီယိုကို ဉာဏ်အလင်းက ဘာသာပြန်တင်ဆက်လိုက်ရပါတယ်။
 
ရုပ်သံဗီဒီယိုထဲမှာ အောက်ပါနိုင်ငံနဲ့ မြို့တွေက မွတ်စလင်တွေရဲ့ ရမ်ဇန်လလှုပ်ရှားမှုပုံရိပ်တွေကို ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက္ကာမြို့
အိန္ဒိယနိုင်ငံ
ဆီရီးယားနိုင်ငံ၊ အီဒလစ်မြို့
ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့
အီရတ်နိုင်ငံ၊ ခါဇိရ်ဒုက္ခသည်စခန်း
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့
ဆူဒန်နိုင်ငံ၊ ခါတွမ်မြို့
အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့
ယီမင်နိုင်ငံ၊ အေဒင်မြို့
 
ကမ္ဘာအရပ်ရပ်က မွတ်စလင်တွေဟာ ရမ်ဇန်ဥပုသ်လကို ဆင်နွှဲလျက်ရှိပါတယ်။ ပြီးတော့ ဥပုသ်လွှတ် (ဝါဖြေဖို့) အတွက်လည်း ပြင်ဆင်နေကြပါတယ်။ ပါကစ္စတန်နိုင်ငံမှာဆိုရင် စွံပလွံသီးတွေကို အလုအယက်ဝယ်ယူနေကြပါတယ်။ ယီမင်မှာလည်း ရေနဲ့ လျှပ်စစ်မီးပြတ်တောက်နေပေမယ့် အကြော်အလှော်တွေကို ရအောင်ချက်ပြုတ်လျက်ရှိပါတယ်။ အီရတ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာလည်း မိသားစုထမင်းဝိုင်းအတွက် ပြင်ဆင်နေကြပါတယ်။
 
နေ၀င်ပြီဆိုတာနဲ့ ဥပုသ်လွှတ် (ဝါဖြေ) ချိန် ရောက်တာမို့ အစားအစာ စစားလို့ရပါပြီ။
 
မြန်မာနိုင်ငံမှာတော့ မေလ ၂၆ရက်နေ့ညမှာ လမမြင်ခဲ့တာကြောင့် ၂၇ ရက်နေ့ ညမှာ သရာဝီဝတ်ပြုမှုစခဲ့ရပြီး ၂၈ရက်နေ့ရောက်မှ ပထမဆုံး ဥပုသ်ကို စတင်ဆောက်တည်ခဲ့ရပါတယ်။

Video Copy From – Al Jazeera English
 
ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။
 
Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7