စားသောက်ကုန်အတွက် အီရန်နှင့် တူရကီကို အားထားတော့မည့် ကာတာ

ကာတာသည် နိုင်ငံအတွင်းသို့ စားသောက်ကုန်တင်သွင်းသည့် ယူအေအီး၊ ဆော်ဒီအာရေးဗျတို့နှင့် ကုန်သွယ်ရေး၊ သံတမန်ရေးဖြတ်တောက်ခံလိုက်ရသောကြောင့် အစားထိုးသည့်အနေဖြင့် အီရန်၊ တူရကီတို့နှင့် စကားပြောနေပြီဖြစ်ကြောင်းသိရသည်။
 
သံတမန်ဆက်ဆံရေးဖြတ်တောက်ခံရပြီး နှစ်ရက်အကြာတွင် ကာတာနိုင်ငံအတွင်း စားသောက်ကုန်ပြတ်တောက်မည့်အန္တရာယ်နှင့် ရင်ဆိုငနေရသည်။ ကာတာနိုင်ငံသည် သွင်းကုန်ကိုအားထားရသည့် နိုင်ငံငယ်လေးဖြစ်သည်။
 
“ကျနော်တို့တူရကီ၊ အီရန်တို့အပြင် နိုင်ငံတချို့နဲ့ ဆွေးနွေးနေပါတယ်” ဟု လက်ရှိအခြေအနေများကြောင့် အမည်မဖော်လိုသူ ကာတာအရာရှိတစ်ဦးက ဆိုသည်။ စကားသောက်ကုန်များကို Qatar Airways လေကြောင်းလိုင်းပိုင် ကုန်တင်လေယာဉ်များဖြင့် သယ်မည်ဟု ၎င်းကဆက်ပြောသည်။
 
ဈေးကွက်အတွင်း ဂျုံနှင့် စပါး လေးပတ်စာအတွက် လုံလောက်မှုရှိနေသေးကြောင်းနှင့် မိမိတို့အစိုးရသည့် စားသောက်ကုန်ပမာဏာမြောက်မြားစွာကို မဟာဗျူဟာကျကျ သိုလောင်ထားသေးကြောင်းလည်း အဆိုပါအမည်မဖော်လိုသူ အရာရှိက ဆက်လက်ပြောကြားသည်။
Ref: Arab News

ကာတာနိုင်ငံ ဒိုဟာ စူပါမားကတ်တစ်ခုတွင် ကြိတ်ကြိတ်တိုးဝယ်ယူနေကြသော ပြည်သူများ (AP)

ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7