ရိုဟင်ဂျာများကိုပြန်ခေါ်ဖို့ မြန်မာကိုဖိအားပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တောင်းဆို

ဘင်္ဂလားဒေ့ရှ်သို့ရောက်ရှိနေသော ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာနိုင်ငံအနေဖြင့် ပြန်လည်ခေါ်ယူပေးဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR နှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိုက်ခ်ဟစီနာက တောင်းဆိုလိုက်သည်။
 
သူမ၏လွှတ်တော်ရုံးခန်းအတွင်း UNHCR မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီနှင့် တနင်္ဂနွေနေ့က တွေ့ဆုံစဉ် အထက်ပါအတိုင်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။
 
မြန်မာဒုက္ခသည်ပြဿနာကြောင့် ဘင်္ဂလားဒေ့ရှ်တွင် လူမှုစီးပွားပြဿနာများသာကြုံနေရသည်ဟုလည်း ဝန်ကြီးချုပ်က ဝေဖန်ပြောကြားလိုက်သည်။
Ref: bdnews24
ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။
Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM