ကောက်ရသည့် ထိုင်းဘတ်ငွေ ၁.၃ နှင့် ဒေါ်လာများကို ပိုင်ရှင်ထံပြန်ပေးခဲ့သော ပျံကျဈေးသည်

ရိုးသားသည့် ပျံကျဈေးသည်တစ်ဦးသည် လမ်းပေါ်မှကောက်ရသည့် ထိုင်းဘတ်ငွေ ၁.၃ သန်းနှင့် အမေရိကန်ဒေါ်လာ ၃၇,၈၀၀ တို့ကို ပြန်ပေးခဲ့ကြောင်း သိရှိရသည်။ ယခုဖြစ်ရပ်သည် ပတ္တရား၌ဖြစ်ခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပတ္တရား၌ဖြစ်ခဲ့သည့် ဖြစ်ရပ်များအနက် အကောင်းဆုံးဖြစ်ရပ်တစ်ခုဖြစ်နိုင်သည်ဟုသိရသည်။
 
ကြက်သားခေါက်ဆွဲရောင်းချသည့်ယင်းဈေးသည်မှာ အသက် ၂၉ နှစ်အရွယ် ဆူမာရီး ဆရီယွမ်ဖြစ်ပြီး ဘာလီဟိုင်းပိုင်ယာအနီး ဆိုင်ကယ်မောင်းနေစဉ် လမ်းပေါ်၌ ကျနေသည့်ပိုက်ဆံအိတ်ကို ကောက်ရခဲ့ခြင်းဖြစ်သည်။
ပိုက်ဆံအိတ်ထဲ၌ ထိုင်းဘတ်ငွေ ၄၀၀,၀၀၀ ပါဝင်သည့် ချက်လက်မှတ်သုံးစောင်၊ ငွေစက္ကူအဖြစ် ထိုင်းဘတ်ငွေ ၂၉,၈၂၂ နှင့် ၀ူတီကွန်း ဟန်ဝူတီဆွတ်ဆိုသူ၏ အကြွေးဝယ်ကတ်များကို ရှာတွေ့ခဲ့သည်။
 
ဆူမာရီးသည် ယင်းပိုက်ဆံအိတ်ကို ပြန်ပေးဖို့ဆုံးဖြတ်ခဲ့ပြီးနောက် ပိုင်ရှင်ဖြစ်သူကို ရှာဖွေနိုင်ရန် မောင်းပတ္တရားရဲစခန်းသို့သွားရောက်အပ်နှံခဲ့သည်။
 
“ပိုင်ရှင်အတွက်တော်တော်စိတ်မကောင်းဘူး။ သူများပစ္စည်းကိုလည်း မလိုချင်ပါဘူး။ သူတို့ပိုင်တာကို ပြန်လိုချင်ကြမယ်ဆိုတာ ကျမကောင်းကောင်းသိတယ်” ဟု ဆူမာရီးက ပြောသည်။
 
ပိုင်ရှင်ဝူတီကွန်းဆိုသူသည် ဆေးရုံတက်ရောက်နေရသောကြောင့် ရဲစခန်းသို့ လူကိုယ်တိုင်မလာနိုင်ဘဲ ညီအစ်ကိုတော်စပ်သူ ထာနာဝုတ်က ပိုက်ဆံအိတ်ကို လာရောက်လက်ခံရယူခဲ့သည်။ သူက ဆူမာရီးကို ချီးကျူးခဲ့ပြီးနောက် ဂုဏ်ပြုသောအားဖြင့် ဆုငွေချီးမြှင့်ခဲ့ကြောင်းနှင့် ဖက်လှဲတကင်း ကျေးဇူးတင်နှုတ်ဆက်ခဲ့ကြောင်းသိရသည်။
 
Ref: coconuts.co
ဉာဏ်အလင်း
ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oN7U1f
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1