အစ္စလာမ်သည် အမျိုးသမီးများအပေါ် ကာကွယ်မှုအပေးဆုံးဟု နိကာဗ်ဝတ်အမျိုးသမီး ကြွေးကြော်

ကဏ္ဍ – Women Rights

ကျော်မင်းထိုက်(ရာမညမြေ)

အမည်းရောင် မျက်နှာအုပ်နိကာဗ်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက အစ္စလာမ်သာသနာသည် အခြားသောစနစ်များထက် အမျိုးသမီးများကို အကာအကွယ်ပေးကြောင်း ကုရ်အာန်ကျမ်းစာလာဗျာဒိတ်တော်များကို ကိုးကားပြောဆိုလိုက်သည်။

ဆစ်ဒနီမြို့အခြေစိုက် မွတ်စလင်အသိုင်းအဝိုင်းရုပ်မြင်သံကြားလိုင်း OnePath Network တွင် “အမျိုးသမီးများကိုကာကွယ်သောကျမ်းစာ ၇ ပိုဒ်” အမည်ရှိရုပ်သံဖိုင်တွင် အွမ္မအက်ဒမ်ဆိုသည့် အမျိုးသမီးက ပါဝင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုရုပ်သံထဲတွင် ခင်ပွန်းသည်များသည် ၎င်းတို့၏ဇနီးသည်များအတွက် ငွေကြေးသုံးစွဲပေးဖို့လိုအပ်ကြောင်း၊ နီးသည်များအတွက် အဆင့်တန်းမှီသော လူနေမှုဘဝတစ်ခုဖော်ဆောင်ပေးဖို့လိုအပ်ကြောင်း ပါဝင်သည်။

“ဒီနေ့ခေတ်မှာ အစ္စလာမ်လို အမျိုးသမီးတွေကိုကာကွယ်ပေးတဲ့ တခြားစနစ်မရှိသေးဘူး” လို့ သူမကပြောပြပြီး မွတ်စလင်အမျိုးသမီးတွေ ဖိနှိပ်ခံရခြင်းမရှိကြောင်း ထောက်ပြသွားခဲ့သည်။ အချို့သော မွတ်စလင်အမျိုးသမီးများဖိနှိပ်ခံရခြင်းမှာ အစ္စလာမ့်အဆုံးအမကြောင့်မဟုတ်ဘဲ အစ္စလာမ့်ဗဟုသုတမရှိခြင်းကြောင့်သာဖြစ်ကြောင်း မစ္စအက်ဒမ်က ရှင်းပြခဲ့သည်။

“အစ္စလာ့မ်အိမ်ထောင်ရေးမှာ ခင်ပွန်းသည်ဟာ ဇနီးသည်အတွက်ငွေကြေးထောက်ပံ့ပေးရပါတယ်။ ဒါ့အပြင် အစားအသောက်၊ အဝတ်အစား၊ နေရာထိုင်ခင်း၊ ဆေးဝါးနဲ့ တခြားလိုအပ်တဲ့အရာမှန်သမျှကို ခင်ပွန်းသည်ဘက်က အတတ်နိုင်ဆုံး အကောင်းဆုံးဖြည့်ဆည်းပေးဖို့ရာတာဝန်ရှိပါတယ်” ဟု သူမက ကုရ်အာန်ကျမ်းစာကို ကိုးကားပြောဆိုခဲ့သည်။

နောက်ထပ်ကျမ်းစာတစ်ပိုဒ်ကိုကိုးကားပြောရာတွင် ခင်ပွန်းသည်သည် ဇနီးသည်ကို လက်ထပ်ရန်တင်တောင်းငွေပေးအပ်ရန်လိုအပ်ကြောင်း၊ ဇနီးသည်များကို ကြင်ကြင်နာနာဆက်ဆံရန်၊ လက်ထပ်ရန်အတွက် ကာယကံရှင်အမျိုးသမီး၏ သဘောတူညီချက်တောင်းခံရန်၊ အမွေဆဆက်ခံခွင့်ပေးရန်နှင့် ကွာရှင်းပြတ်စဲရာတွင် မတရားမှုကိုရှောင်ရှားရန် ထည့်သွင်းပြောကြားခဲ့သည်။

သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့အခြေစိုက် အဆိုပါရုပ်သံလိုင်း OnePath Network ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လူထုအပေါ်လွှမ်းမိုးမှုကြီးသည့် မီဒီယာများတွင် အစ္စလာမ်ဘာသာကို မဟုတ်မမှန်ပုံဖော်နေခြင်းအား တန်ပြန်ရန် တည်ထောင်ထားခြင်းဖြစ်သည်။

=============

7 MB သာရှိတဲ့ အောက်တိုဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၁) ကို အောက်ပါ Link နှစ်ခုထဲက တစ်ခုခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2yk9yzT

pCloud – http://bit.ly/2gTFG2h