မက္ကာဟ်မြို့မှာ အွမ္မရာဟ်လုပ်နေတဲ့ ၂၀၁၆-၂၀၁၇ ပရီးမီးယားလိဂ်အကောင်းဆုံးဘောလုံးသမား ကန်တီ

ချယ်ဆီးဘောလုံးအသင်း ကွင်းလယ်ကစားသမား အန်ဂိုလို ကန်တီ (N’Golo Kanté) ဟာ အမ္မရာဟ်ပြုလုပ်ဖို့အတွက် မက္ကာဟ်ကိုရောက်နေပါတယ်။
 
2016-2017 ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုနဲ့ ချယ်ဆီးအသင်းအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိထားသူလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ 2015-2016 ဘောလုံးရာသီမှာလည်း လက်စတာအသင်းအကောင်းဆုံးကစားသမားဆု ရရှိထားသူဖြစ်တာကြောင့် နှစ်နှစ်ဆက်တိုက် ကလပ်အသင်းနှစ်သင်းမှာ အကောင်းဆုံးကစားသမားဆု ဆွတ်ခူးနိုင်သူအဖြစ် မှတ်တမ်းဝင်ထားပါတယ်။
ကန်တီရဲ့မိဘနှစ်ပါးဟာ မာလီနိုင်ငံကနေ ပြင်သစ်ကို ၁၉၈၀ မှာ ရွှေ့ပြောင်းအခြေချခဲ့ပြီး ကန်တီဟာ Rueil-Malmaison နဲ့ Hauts-de-Seine မြို့တို့က အခန်းငယ်လေးမှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်။
 
မကြာသေးခင်က ပြင်သစ်လက်ရွေးစင် မန်ယူကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာနဲ့ အယ်ဂျီးရီးယားလက်ရွေးစင် လက်စတာကွင်းလယ်ကစား ရီယဒ် မာရက်ဇ် တို့ကလည်း အစ္စလာမ်ဘာသာဝင်တွေအထွဋ်အမြတ်ထားရာ မက္ကာဟ်မြို့ကိုသွားရောက်ပြီး အွမ္မရာဟ်ပြုလုပ်ခဲ့ပါသေးတယ်။ ကန်တီအပါအဝင်နဲ့ဆိုရင် ဒီနှစ်အတွင်း အွမ္မရာဟ်လုပ်တဲ့ ပရီးမီးယားလိဂ်ကစားသမား သုံးယောက်ရှိခဲ့ပါပြီ။
 
Ref: Ilmfeed, Goal.com, Wiki

ရမဇာန်အထူးထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM