ဒေါ်နယ်ထရမ့်သေဆုံးသည့်သတင်းမှာ ကောလဟလသာဖြစ်

မြန်မာ့ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာအထက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သေဆုံးကြောင်း သတင်းမှာပျံ့နှံ့လျက်ရှိသော်လည်း ယင်းသတင်းမှာ မဟုတ်ဘဲ Hoax ဟုခေါ်သည့် နောက်ပြောင်လိမ်လည်သည့် ကောလဟလသတင်းသာဖြစ်ကြောင်း သိရှိရသည်။

ယင်းသတင်းကို TheNewYorkEvening.com ဆိုသည့် hoax website မှ “Donald Trump dead from a fatal heart attack!” ဆိုသည့်ခေါင်းစဉ်ဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၉ ရက် ကတည်းက တင်ထားခဲ့ခြင်းဖြစ်သည်။ “Heart Attack နှလုံးထိခိုက်မှုကြောင့် ဒေါ်နယ်ထရမ့်ကွယ်လွန်” ဟု ရေးသားခဲ့ခြင်းဖြစ်သည်။ သတင်းဓာတ်ပုံကို ကြမ်းပြင်ပေါ်၌ ပက်လက်လန်နေသည့် ထရမ့်၏ပုံဖြင့် တွဲလျက်ဖော်ပြခဲ့သည်။

အမှန်တွင် ဒေါ်နယ်ထရမ့်သေဆုံးခြင်းမဟုတ်ဘဲ ၂၀၀၇ ခုနှစ် WrestleMania 23 နပမ်းပွဲတွင် ဘီလီယံနံသူဌေးကြီးက သရုပ်ဆောင်ဖျော်ဖြေခဲ့ခြင်းသာဖြစ်ကြောင်းသိရသည်။ ဒေါ်နယ်ထရမ့်ပါဝင်ဖျော်ဖြေခဲ့သည့် နပမ်းပွဲမှာ Battle of the Billionaires “သန်းကြွယ်သူဌေးတို့၏ တိုက်ပွဲ” ခေါင်းစဉ်ဖြင့် တင်ဆက်သည့် ပွဲစဉ်ဖြစ်ပြီး Vince McMahon က စီစဉ်ခဲ့ကြောင်း သိရှိရသည်။


ယခုသတင်းလိမ်ကို ဖော်ပြခဲ့သည့်TheNewYorkEvening.com ဆိုသည့် သတင်း website သည် ယခင်ကလည်း သတင်းလိမ်နှင့် သတင်းမှန်များကို ရောနှောကာ လုပ်ကြံတတ်သည့် ရာဇ၀င်မျိုးရှိခဲ့သည်။ သတင်းလိမ်ကို တခြားသော hoax website များကလည်း တစ်ဆင့်ပြန်လည်ဖော်ပြခဲ့သောကြောင့် ဟိုးလေးတကျော်ပျံ့နှံ့ခဲ့ရခြင်းဖြစ်သည်။

ဉာဏ်အလင်း

ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oN7U1f
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1