မလေးရှားတွင် မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်

မိမိသူငယ်ချင်းဖြစ်သူအား သားလှီးထားဖြင့် ထိုးခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် မြန်မာတစ်ဦးကို ခုနှစ်ရက် ရမန်အမိန့်ဖြင့် မလေးရှား ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်သည်။

ထိန်းသိမ်းခံရသူမှာ အသက် ၂၈ နှစ်အရွယ် သန့်ရှင်းရေးလုပ်သားတစ်ဦးဖြစ်သည်။ ယင်းဖြစ်စဉ်ကို အန္တရာယ်ရှိ လက်နက် သို့မဟုတ် တစ်စုတစ်ခုဖြင့် အပြင်းအထန်နာကျင်အောင် လုပ်ဆောင်မှု ပုဒ်မ ၃၂၆ ဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည်။

ဓားဖြင့်ထိုးခဲ့သည်ဟု သံသယရှိသူနှင့် အသက် ၂၇ နှစ်အရွယ်ဓားထိုးခံရသူတို့သည် အင်္ဂါနေ့ မနက် ၁၁း၄၀ အချိန်ခန့်က ဂျလန်းဝက်စ်လန်းရှိ အိမ်တစ်အိမ်အရှေ့၌ လုံးထွေးသတ်ပုတ်ခဲ့ကြောင်းနှင့် ၎င်းတို့ နှစ်ဦးစလုံးမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ တိုက်ခိုက်ခံရသူ၏ ခြေထောက်နှစ်ဖက်၊ လည်ပင်းဘယ်ဖက်အခြမ်း၊ နောက်ကျောဖက်နှင့် လက်နှစ်ဖက်တွင် ဓားခုတ်ဒဏ်ရာများရခဲ့ပြီး ဘယ်ဖက်နားရွက်တစ်ဝက်လည်း ပြတ်ထွက်ခဲ့ကြောင်းသိရှိရသည်။ ဓားခုတ်ဒဏ်ရာများ ရခဲ့သည့် မြန်မာနိုင်ငံသား၏ နာမည်မှာတိုးတိုးဖြစ်ကြောင်း မလေးရှားမီဒီယာများက ဖော်ပြခဲ့သည်။

ယင်းဖြစ်စဉ်ကို အနားရှိ မျက်မြင်သက်သေတစ်ဦးမှ မိုဘိုင်းဖုန်းဖြင့် အမိအရမှတ်တမ်းတင်နိုင်ခဲ့သည်။

Video Copy From The Star.

Ref: Freemalaysiatoday, Thestar

ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7