ရိုဟင်ဂျာကလေးများကို ဈေးပေါပေါဖြင့် ရောင်းစားသူ မြန်မာနိုင်ငံသားများအား မလေးရဲ ဖမ်းမိ

စနေနေ့မနက်ပိုင်း ကွာလမ်လမ်ပူမြို့တွင် လူကုန်ကူးခံရသူ ရိုဟင်ဂျာမွတ်စလင် ၁၁ဦးကို မလေးရှားရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။ လူကုန်ကူးခံသူများတွင် ကလေး ၁၁ဦးပါဝင်ပြီး ၄င်းတို့အား လူကုန်ကူးသူ မြန်မာနိုင်ငံသား ခြောက်ဦးကအလုံးပိတ်ခန်းအတွင်း ပိတ်လှောင်ထားခဲ့သည်။

လူကုန်ကူးသူခြောက်ဦးမှာ အသက် ၂၅ မှ ၃၀အတွင်းသာရှိသေးသည်။ ၄င်းတို့သည် ရိုဟင်ဂျာအုပ်စုအတွင်း လူကုန်ကူးလုပ်ငန်းဆောင်ရွက်သည့် ဂိုဏ်းတစ်ဂိုဏ်းမှ အဖွဲ့သားများဟုယုံကြည်ရကြောင်း Malaysian National News Agency က ဖော်ပြခဲ့သည်။

သိမ်းဆည်းရမိသည့် Notebook ကွန်ပြူတာ ငါးလုံးအတွင်း အခြားကလေးငယ်ခြောက်ဦးကို ရောင်းချထားသည့်မှတ်တမ်းများတွေ့ရပြီး ရောင်းဈေးမှာ အမေရိကန်ဒေါ်လာ ၂၈၀နှင့် ၃၅၀ အကြားသာရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

“သံသယရှိသူတွေဟာ လူကုန်ကူးခံရသူတွေကို ကျွန်းဆွယ်မြောက်ပိုင်းကနေ သွင်းလာခဲ့တာပါ။ အလုံပိတ်ခန်းထဲမှာ ပိတ်ထားပြီး အစောင့်ပါချထားကြပါတယ်။ ဝယ်သူလာပြီဆိုရင် ညှိနှိုင်းဈေးနဲ့ ဈေးတည့်ရင် ရောင်းလိုက်ကြတာပါ” ဟု ဒေသခံရဲအရာရှိ Habibi Majinji က ဝင်ရောက်ဖမ်းဆီးပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကလေးငယ်များကို တောင်းစားခိုင်းရန်အတွက် အဓိက ရောင်းစားခဲ့သည်ဟု ရဲအရာရှိက ဖြည့်စွက်ပြောကြားသည်။

Translated from Yangon Coconuts

အတွဲ (၁) အမှတ် (၆) ကို Download ရယူရန်

Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7