ဝတ်ပြုရန်နှင့် ဥပုသ်ထွက်ရန် နေရာမရှိသည့် သာကေတပြည်သူများ ဘာသာရေးကိစ္စကို လမ်းပေါ်၌သာ ဆောင်ရွက်နေရ

 

သာကေတ အနော်မာရပ်ကွက်ရှိ အစ္စလာမ်ဘာသာရေးစာသင်ကျောင်းနှစ်ကျောင်းကို ပိတ်ပင်လိုက်သောကြောင့် ယင်းကျောင်းများတွင် ဝတ်ပြုဆုတောင်းကြသည့် ဒေသခံပြည်သူများမှာ ဝတ်ပြုစရာနေရာ အလုံအလောက်မရှိတော့ဘဲ လမ်းမပေါ်၌ ဝတ်ပြုနေကြရသည်။

ယခုကျရောက်နေသည့် အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇန်ဥပုသ်လအတွင်း ဥပုသ်စောင့်ထိန်းထိမ်းခြင်း၊ ဥပုသ်ထွက်ခြင်းနှင့် ညဘက်အပိုဆောင်းဝတ်ပြုခြင်းများကိုလည်း လုပ်နေကျအတိုင်း မဆောင်ရွက်နိုင်သောကြောင့် ဘာသာရေးတာဝန်ကို လမ်းမများပေါ်၌ ခက်ခဲစွာ ထမ်းဆောင်ရလျက်ရှိသည်။

လွန်ခဲ့သည့်ဧပြီ ၂၈ရက်တွင် သင်္ကန်းဝတ်များ ဦးဆောင်သည့် အစွန်းရောက် ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီများက ဒေသခံအာဏာပိုင်များကို ဖိအားပေးကာ စာသင်ကျောင်းများအတွင်း ဘာသာရေးဝတ်ပြုသည်ဆိုသည့်အကြောင်းပြချက်ဖြင့် မွတ်စလင် ဘာသာရေးစာသင်ကျောင်းနှစ်ကျောင်းကို ချိတ်ပိတ်ပေးရန်အဓမ္မတောင်းဆိုခဲ့ကြသည်။

ထို့ကြောင့် မေလ ၃၁ရက် ဗုဒ္ဓဟူးနေ့က မွတ်စလင် ၁၀၀ ခန့်သည် ချိတ်ပိတ်ခံထားရသည့် စာသင်ကျောင်းတစ်ကျောင်းရှေ့တွင် စုရုံးကာ ဝတ်ပြုဆုတောင်းခဲ့ကြသည်။ ချိတ်ပင်စဉ်က ယာယီသာဖြစ်ကြောင်း အာဏာပိုင်များက ပြောခဲ့သော်လည်း ယခု တစ်လကျော်သည်အထိ ပြန်လည်ဖွင့်လှစ်ပေးခြင်းမရှိသေးပေ။

Ref: KyawKyaw – Anadolu Agency

ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7