ဝင်ငွေဟလာလ်ဖြစ်မဖြစ်ကို အစားအသောက်ဟလာလ်ဖြစ်မဖြစ်ထက် ပိုအလေးပေးနေသည်ဟု မလေးဒုဝန်ကြီးပြော

မွတ်စလင်များသည် ၎င်းတို့၏၀င်ငွေ ဟလာလ်ဖြစ်မဖြစ်ထက် စားမည့်အစားအစာ ဟလာလ်ဖြစ်မဖြစ်ကို ပိုပြီး အလေးထားနေသည်ဟု ဒါတွတ် ဒေါက်တာ အရှရဖ် ၀ဂျီဒီ ဒုစူကီ က ပြောကြားလိုက်သည်။

Datuk Dr Asyraf Wajdi Dusuki speaks at the ‘Seminar On Zakat, Waqf And Sadaqa 2017’ in Kuala Lumpur April 19, 2017. ― Picture by Yusof Mat Isa

မွတ်စလင်လူထုသည် အစ္စလာမ်ဘာသာကို ၀တ်ပြုကိုးကွယ်ခြင်းတစ်ခုအတွက်သာ ကိုင်စွဲထားကြပြီး ဟလာလ်/ဟရာမ်အရေးနှင့်ပတ်သက်လာပါက မည်သည့်အစားအစာမှာ စားပိုင်ကြောင်း၊ မစားပိုင်ကြောင်းကိုသာ အာရုံစိုက်ကြပြီး အစားအသောက်အတွက်သာ အလေးပေးနေကြကြောင်း အစ္စလာမ့်ရေးရာ တာဝန်ကိုယူထားသူ မလေးရှားဒုဝန်ကြီးချုပ် အရှရဖ်က ပြောသည်။
 
“ဟလာလ်အစားအသောက်နဲ့ ဟလာလ်အစားအသောက်ကို အကြီးအကျယ်အလေးပေးနေကြတယ်။ အဲဒီဟလာလ်အစားအသောက်ကိုဝယ်ယူဖို့အတွက် အသုံးပြုမယ့်ငွေကြေးက ဟလာလ်နည်းလမ်းနဲ့ ရထားတာဟုတ်ရဲ့လားဆိုတာနဲ့ပတ်သက်ပြီးတော့ ထပ်တူအလေးပေးတာမျိုးမတွေ့ရဘူး” ဟု အစ္စလာမ္မစ်ငွေကြေးဌာနများနှင့် အလှူဒါနဆိုင်ရာနှီးနှောဖလှယ်ပွဲတစ်ခု၌ မိန့်ခွန်းပြောကြားစဉ် အရှရဖ်က ပြောလိုက်သည်။
 
အသားနှင့်ပတ်သက်လာလျင်လည်း သားကောင်ကို ရှရီအာဟ်နည်းလမ်းအတိုင်း စနစ်တကျသတ်ထားခြင်းဟုတ်မဟုတ်ကို ပိုအလေးထားကြပြီး အသားဝယ်သည့်ငွေကြေးမှာ ဟလာလ်နည်းလမ်းဖြင့် ရှာဖွေထားခြင်းဟုတ်မဟုတ်ကိုမူ သိပ်ဂရုမစိုက်ကြကြောင်း သူက ပြောသည်။
 
“အစားအသောက်ဝယ်မယ့်ငွေကြေးက ငွေတိုးချေးစားခြင်း၊ ဘဏ်အတိုး၊ အကျင့်ပျက်ခြစားခြင်း အစရှိတဲ့ မပိုင်တဲ့နည်းလမ်းကတစ်ဆင့် ရှာဖွေထားတာဟုတ်မဟုတ်ကို သူတို့စိတ်မ၀င်စားကြဘူး။ ဒီလိုအဖြစ်မျိုးက ဒီနေ့ခေတ် ကျနော်တို့ရဲ့ မွတ်စလင်လူထုထဲမှာအမြစ်တွယ်နေပါတယ်” ဟု ဒု-၀န်ကြီးချုပ်က ပြောခဲ့ခြင်းဖြစ်သည်။
 
Ref: themalaymailonline
 
ဉာဏ်အလင်း
ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oN7U1f
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1