ဗလီလုံခြုံရေးတိုးမြှင့်ချထားပေးရန် ဗြိတိန်မွတ်စလင်ကောင်စီတောင်းဆို

အစ္စလာမ်ကြောက်ရောဂါအခြေခံသည့် ဖင်းစ်ဘူရီပ့ါခ်ဗလီ ဗင်ကားတိုက်ခိုက်မှုဖြစ်စဉ်အပြီးတွင် ဗလီများကို အပိုဆောင်းလုံခြုံရေးချထားပေးရန်အတွက် ဗြိတိန်မွတ်စလင်ကောင်စီက တောင်းဆိုလိုက်သည်။
 
အာဏာပိုင်တွေအနေနဲ့ လုံခြုံရေးအဆင့်တိုးမြှင့်ပေးရန်မှာ အရေးပေါ်ဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း၊ Seven Sisters လမ်းပေါ်ရှိ မွတ်စလင်လူမှုဖူလုံရေးဂေဟာ အပြင်ဘက်တွင် ဖြစ်ပွားခဲသည့် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အများစုက ထိတ်လန့်တုန်လှုပ်လျက်ရှိကြောင်း ကောင်စီအထွေထွေအတွင်းရေးမှူးချုပ် ဟာရွန်း ခါန်က တောင်းဆိုထားသည်။
 
“မျက်မြင်သက်သေတွေရဲ့ပြောကြားချက်နဲ့ အဖြစ်အပျက်ကိုမှတ်တမ်းတင်ထားတဲ့ ရုပ်သံတွေအရ လူဖြူတစ်ယောက်က ဘာသာရေးဝတ်ပြုဆုတောင်းနေသူတွေကို အသေအချာကိုပစ်မှတ်ထားပြီး ဗင်ကားနဲ့ ဝင်တိုက်ခဲ့တာပါ” ဟု သူကဆိုသည်။
 
“အကြမ်းဖက်မှုကြောင့် ထိခိုက်ခံစားခဲ့ရသူတွေအတွက် တရားမျှတမှုရရှိဖို့ ဆုတောင်းလျက်ရှိတဲ့ ရမဇာန်လနောက်ဆုံးလက်ကျန်ရက်တွေမှာ စုံစမ်းစစ်ဆေးမှုကို အချက်အလက်အပြည့်အစုံနဲ့ အခိုင်အမာစတင်ဖို့ အတွက် ကျနော်တို့ အေးချမ်းတည်ငြိမ်စွာတောင်းဆိုပါတယ်” ဟု သူက ဆက်ပြောသည်။
အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အမြဲလိုလိုလူသိရှင်ကြား ထုတ်ဖော်ရှုတ်ချလေ့ရှိတဲ့ မွတ်စလင်အဖွဲ့အစည်း ရမဇာန်ဖောင်ဒေးရှင်းမှ မိုဟမ္မဒ် ရှဖီးက်ကလည်း “မွတ်စလင်ဝတ်ပြုဆုတောင်းသူတွေကို ဖင်းစ်ဘူရီပါ့ခ်ဗလီအပြင်ဘက်မှာ အဓိပ္ပာယ်မဲ့စွာတိုက်ခိုက်ခဲ့တဲ့ ဒီမကောင်းဆိုးဝါး ဗန်ကားတိုက်ခိုက်မှုကို အပြင်းထန်ဆုံးနဲ့ အဆုံးအစွန်ရှုတ်ချပါတယ်” ဟု ပြောဆိုခဲ့သည်။
 
Ref: heraldscotland

ရမဇာန်အထူးထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM