ချာခ်ျကျောင်းဗုံးကွဲမှုတွင် ဒဏ်ရာရခဲ့သူများအတွက် အီဂျစ်မွတ်စလင်များ သွေးလှူ

အီဂျစ်အမျိုးသား၊ အမျိုးသမီး အသက်အရွယ်စုံသည် တနင်္ဂနွေနေ့ကဖြစ်ပွားခဲ့သည့် ကော့ပတစ်ခရစ်ယာန်ချာခ်ျကျောင်းဗုံးကွဲခဲ့မှုဖြစ်စဉ်အတွင်း ဒဏ်ရာရခဲ့သူများအား သွေးလှူဒါန်းရန်အတွက် တန်တာမြို့ရှိ ဗလီကျောင်းများသို့ အပြေးအလွှားသွားရောက် လူစုခဲ့ကြောင်း သိရသည်။
ဗလီများသည် လော်စပီကာများအသုံးပြုကာ သွေးလိုအပ်သည့်ဒဏ်ရာရသူများအား သွေးလှူဒါန်းရန် သွေးအလှူရှင်များကို ဗလီ၌လာရောက်စုဝေးရန်အတွက် ဖိတ်ခေါ်ခဲ့ကြောင်း တန်တာမြို့သား မိုဟမ္မဒ် အဟ်မဒ် ဟက်ဆန်က ပြောသည်။
လူနားများအတွက်အသုံးပြုရန် ဆေးရုံများ၌ အရန်ထားရှိသော သွေးအိတ်များကုန်ဆုံးသွားသည်အထိ အသုံးပြုလိုက်ရသောကြောင့် ပြည်သူများက သွေးလှူခဲ့ကြခြင်းဖြစ်သည်။ သွေးလှူရှင်အများစုမှာ မွတ်စလင်များဖြစ်နေကြောင်းတွေ့ရသည်။
ဒဏ်ရာရရှိသူများအား ကုသပေးနေသည့် အထွေထွေဆေးရုံကြီး၏ သွေးဘဏ်သို့ သွေးအိတ်ရာပေါင်းများစွာ ပေးပို့ကူညီနိုင်ခဲ့ကြောင်း တန်တာမြို့သား ဟက်ဆန်က ပြောကြားသည်။
Ref: english.alarabiya.net
ဉာဏ်အလင်း
 
ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oN7U1f
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1