သူခိုးများကိုခွင့်လွှတ်လိုက်သည့် မွတ်စလင်ကော်ဖီဆိုင်ပိုင်ရှင်

အင်္ဂလန်နိုင်ငံ လက်စတာမြို့မှ Saints of Mokha အမည်ရှိ ကော်ဖီဆိုင်တစ်ဆိုင်ကို သူခိုးများက ဖောက်ထွင်းဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများကို ခိုးယူသွားခဲ့ပြီး အခြားပစ္စည်းများကိုလည်း ဖျက်ဆီးသွားခဲ့သည်။
 
သို့သော်လည်း ဒေါသထွက်နေသော ဆိုင်ပိုင်ရှင် မွတ်စလင်များသည် အစ္စလာမ်ဘာသာ၏အဆုံးအမများကြောင့် ထိုသူခိုးများကို ခွင့်လွှတ်ပေးခဲ့သည်။
 
သူခိုးများမြင်သာစေရန်အတွက် မိမိတို့ခွင့်လွှတ်ကြောင်းရေးသားထားသည့် စာကို ဆိုင်မျက်နှာစာ ပြတင်းပေါက်တွင် တင်ထားခဲ့သည်။
 
စာထဲတွင် ယခုလိုရေးသားထားသည်။
 
“ဆိုင်ထဲကိုဝင်ရောက်ဖောက်ထွင်းခဲ့သော သူခိုးများသိသာစေရန် –
 
ဒေါသအမျက်ထွက်ရတာလွယ်ကူပါတယ်။ အခုလည်းငါတို့ဒေါသထွက်နေတယ်။ ဒါပေမဲ့ စိတ်ရှည်သည်းခံဖို့နဲ့ တစ်ပါးသူအမှားလုပ်ရင်ခွင့်လွှတ်ပေးဖို့အတွက် ငါတို့ဘာသာတရားက ဆုံးမထားတယ်။ မင်းတို့ လုပ်ခဲ့သမျှလုပ်ရပ်တွေကြောင့် ငါတို့ဘယ်လောက်ထိဆုံးရှုံးနစ်နာခဲ့သလဲဆိုတာ မင်းတို့သိလိမ့်မယ်လို့ထင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးကို ထားခဲ့လိုက်ပါပြီ။ ငါတို့ ခွင့်လွှတ်ပါတယ်။ သင်ငြိမ်းချမ်းသာယာပါစေ။ အတ်စ်စလားမို့ အလိုင်းကွန်းမ်”
 
ကော်ဖီဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ အိုမာက “ကံမကောင်းစွာနဲ့ပဲ ကျနော်တို့ ဖောက်ထွင်းခံလိုက်ရတယ်။ နိုင်သမျှကို သယ်သွားကြပြီး မသယ်နိုင်တာအားလုံးကို ဖျက်ဆီးသွားကြလေရဲ့။ ဒါပေမဲ့ ဒီကိစ္စအပေါ် ကျနော်တို့ဘာသာတရားရဲ့ အဆုံးအမအတိုင်း တုံ့ပြန်နိုင်မယ့် နည်းလမ်းတစ်ခုကို ကျနော်တို့ လက်ကိုင်ပြုလို့ရမယ့် အခွင့်အရေးတစ်ခုအဖြစ် မြင်တယ်။ မေတ္တာတရားရယ် ခွင့်လွှတ်ခြင်းရယ်ပေါ့။ ကျနော်တို့ပေးပို့တဲ့ သတင်းစကားကို လူကြီးဆိုသူတိုင်းဆီရောက်စေချင်ပါတယ်။ အခြေအနေအရပ်ရပ်ကို သနားကြင်နာစိတ်ရယ်၊ မေတ္တာကရုဏာရယ်နဲ့ တုံ့ပြန်ဆက်ဆံဖို့ပါ” ဟု ပြောကြားလိုက်သည်။
ဉာဏ်အလင်း