ဟေဂျားဘ်အတွက် အသက်စွန့်ခဲ့ရတဲ့ သူရဲကောင်း မွတ်စ်လင်မ်အမျိုးသမီး

July လ ၁ ရက်….၂၀၀၉ ခုနှစ်မှာ Sister Marwa El-Sherbini ဆိုတဲ့ အသက် ၃၁နှစ်အရွယ် အီဂျစ်နိုင်ငံဖွား Germany နိုင်ငံသူ ကိုယ်ဝန်ဆောင် မွတ်စ်လင်မ် အမျိုးသမီးဟာ တရားရုံးအတွင်းမှာ ဓားနှင့် ၁၈ချက်ထိုးပြီး အသတ်ခံခဲ့ရပါတယ်။ သူမကို ဟေဂျားဘ်ဝတ်ဆင်ထားလို့ ဂျာမာန် နာဇီအစွန်းရောက် Alex Wiens ဆိုတဲ့ ရုရှားက ပြောင်းရွှေ့လာသူက စော်ကားပြောဆိုခဲ့တာကြောင့် တရားဥပဒေအရ တရားရုံးမှာ တရားစွဲဆို အမှုရင်ဆိုင်နေတုန်း တရားခံက ဓားနဲ့ထိုးပြီး သတ်ခဲ့တာဖြစ်ပါတယ်။

တရားရုံးအတွင်းကို ဓားဘယ်လို ယူလာသလဲ? ဓားနဲ့ ၁၈ချက်တိတိ ၃လ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို ထိုးနေစဉ်မှာ လုံခြုံရေးတွေဘက်က မကာကွယ်ပေးနိုင်တဲ့အပြင် သူမရဲ့ ခင်ပွန်းက သူမကို ကာကွယ်ဖို့ သွားရောက်ရာမှာ သူလည်း အချက်ပေါင်းများစွာ ဓားနဲ့အထိုးခံခဲ့ရသလို လုံခြုံရေးတာဝန်ရှိသူတွေရဲ့ မှားယွင်းစွာ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရခဲ့ပါတယ်။ အဆိုးဆုံးအချက်ကတော့ မိဘနှစ်ပါး အခုလို ဓားနဲ့အတိုက်ခိုက်ခံနေရတာကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ သူတို့ရဲ့ အသက် ၃နှစ်သာ ရှိသေးတဲ့ သားလေးရဲ့ ရင်နင့်ဖွယ်ရာ မြင်ကွင်းပါ။

Sister Marwa El-Sherbini ဟာ ဆေးပညာ သိပ္ပံဘွဲ့ရ ပညာတတ်တစ်ဦးဖြစ်ပြီး Research Doctor အဖြစ် Germany နိုင်ငံမှာ တာဝန်ထမ်းဆောင်နေသူ တစ်ဦးပါ။ သူမ အသတ်ခံရပြီး ၉ရက်အကြာမှာ Germany အစိုးရက တရားဝင် ၀မ်းနည်းကြောင်း ကြေညာချက်ထုတ်ခဲ့ပြီး လူသတ်သမားကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချခဲ့ပါတယ်။

# ဒီနေ့ ကျွန်တော်တို့ရဲ့ sister တွေ ဟေဂျားဘ်အတွက် သောကတွေ ရှိလာတာ ၀မ်းသာစရာပါ။ တစ်ဘက်က မ၀တ်နိုင်သေးတဲ့သူတွေ နီယသ်ကို အကောင်အထည်ဖေါ်ဖို့ ကြိုးစားကြပါ။ ဟေဂျားဘ်အတွက် အသက်ရော မမြင်လိုက်ရသေးတဲ့ ကလေးလေးပါ ကုရ်ဘာနီပေးသွားတဲ့ Sister Marwa El-Sherbini ကို အတူုယူကြပါ။ In shaa Allah အားလုံး လွယ်ကူသွားပါလိမ့်မယ်။

Credit: Mohammed Naeem

ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။
Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM