ကျောက်ဖြူအုပ်ချုပ်ရေးမှူးအား မင်္ဂလာတောင်ညွှန့်သို့ ပြောင်းရွှေ့တာဝန်ချ

ကျောက်ဖြူမြို့နယ်နှင့် ပတ်သက်သည့်သတင်းများတွင် ဖြေဆိုသူအဖြစ် မကြာခဏဆိုသလို မီဒီယာများတွင် တွေ့ရလေ့ရှိသော ကျာက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီလင်းအား မင်္ဂလာတောင်ညွှန့်မြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းရွှေ့တာဝန်ချထားလိုက်ကြောင်း သိရှိရသည်။
 
၂၀၁၇ ခုနှစ် ဇွန်လ (၁) ရက် ရက်စွဲတပ်ထားသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြေညာစာအမှတ် (၇၂၈/၂၀၁၇)၊ (၇၂၉/၂၀၁၇) အရ ပြောင်းရွှေ့တာဝန်ချထားခြင်း ကြေညာချက်တွင် ဦးညီညီလင်းသည် မင်္ဂလာတောင်ညွှန့်မြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် ဇွန်လ (၁) ရက်နေ့မှ စတင်၍ တာဝန်ထမ်းဆောင်ရန် အမိန့်ကျပြီဖြစ်သည်။ တာဝန်ကျဒေသများသို့ (၂၁) ရက်အတွင်း အမြန်ဆုံးပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန်လည်း ကြေညာချက်ထဲတွင်ရေးသားထားသည်။
လွန်ခဲ့သည့် မေလ (၉) ရက် ညပိုင်းတွင် မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၂၃ လမ်းရှိ နေအိမ်တိုက်ခန်းတစ်ခုထဲ၌ ခိုးဝင်နေထိုင်သူများရှိသည်ဆိုသည့် မဟုတ်မမှန်အကြောင်းပြချက်ဖြင့် သင်္ကန်းဝတ်များဦးဆောင်သော အမျိုးသားရေးအမည်ခံ အစွန်းရောက်အုပ်စုများက ဥပဒေမဲ့ဝင်ရောက်စစ်ဆေးခဲ့သည်။ နောက်ဆက်တွဲအဖြစ် အမျိုးသားရေးလှုပ်ရှားသူများဟု နာမည်တပ်ထားသော သင်္ကန်းဝတ်များဦးဆောင်သည့် အစွန်းရောက်များသည် မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း လူအုပ်စု ရာနှင့်ချီကာ စုဝေးရောက်လာခဲ့ပြီး ပဋိပက္ခဖန်တီးရန်ကြိုးစားခဲ့သည်။
 
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆူပူမှုတွင်ပါဝင်ပတ်သက်ခဲ့သူ (၇) ဦးအား ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ကာဖမ်းဆီးခဲ့သည်။
 
ပဋိပက္ခဖန်တီးကာ အေးချမ်းမှုပျက်ပြားအောင် လုပ်ခံထားရသည့် အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သော မင်္ဂလာတောင်ညွှန့်မြို့နယ်သို့ တည်ငြိမ်မှုမရှိသည့် ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သော အုပ်ချုပ်ရေးမှူးတစ်ဦးအား ပြောင်းလဲတာဝန်ပေးအပ်ခဲ့ခြင်းအပေါ် အစ္စလာမ်ဘာသာဝင်တချို့ စိုးရိမ်မကင်းဖြစ်ကာ ဝေဖန်မှုများပြုလုပ်လျက်ရှိသည်။
 
ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။
 
Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7