ရေလျှံနေတဲ့ မင်္ဂလာဈေးမြေကွက်လပ်

ဇွန်လ ၁၁ ရက် နေ့လည် ၃ နာရီဝန်းကျင်ခန့်မှာ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာရှိတဲ့ မင်္ဂလာဈေးမြေနေရာကွက်လပ်မှာ မိုးရွာပြီးနောက် ရေတွေပြည့်လျှံနေတာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ ရက် မနက် ၁ နာရီ ၂၀ မိနစ်ခန့်မှာ အဆင့်မြင့်မင်္ဂလာဈေးကြီး ဒုတိယအကြိမ်မြောက် မီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၆၃၈ ခန်းမီးသင့်ခဲ့ကာ တန်ဖိုးငွေက ကျပ်သိန်းပေါင်း ၃၆၀၆၀၂ ခန့်ဆုံးရှုံးခဲ့ပါတယ်။

ဒီနှစ်ဇွန်လကုန်ပိုင်းမှာ မင်္ဂလာဈေးသစ်ပြန်ဆောက်ဖို့အတွက် ဆောက်လုပ်ရေးကုမ္ပဏီတွေကို တင်ဒါခေါ်ယူဖို့ စီစဉ်ထားပြီး နိုဝင်ဘာ ၁ ရက်နေ့မှာ စတင်ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ – ခရီးသည်

ဉာဏ်အလင်း