အွမ္မရာဟ်လုပ်နေတဲ့ ပေါ့ဂ်ဘာ

ကမ္ဘာဈေးအကြီးဆုံး ဘောလုံးသမားဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာဟာ ဆော်ဒီအာရေးဗျနိုင်ငံကို အွမ္မရာဟ်ပြုလုပ်ဖို့ရောက်ရှိနေပါတယ်။

ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာဟာ အမှတ်ပေး ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးပြီးနောက် ရမ်ဇန်လအစပြုချိန်မှာ အွမ္မရာဟ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

လူမှုကွန်ရက် Instagram မှာ Follower ၁၅ သန်းရှိတဲ့ ပေါ့ဂ်ဘာဟာ “ဘ၀တစ်လျှောက် မြင်ဖူးသမျှထဲမှာ အလှဆုံးပဲ” လို့ ခေါင်းစဉ်တပ်ပြီး ကာအ်ဘာဟ်ကျောင်းတော်ရှေ့မှာ အဲဟ်ရာမ်ဝတ်ထားလျက် ဗီဒီယိုရိုက်ကူးထားတာကို တင်ထားခဲ့ပါတယ်။

အရပ် ၆ပေ ၃လက်မမြင့်တဲ့ အသက် ၂၄ နှစ်အရွယ် ဘောလုံးသမား ပေါလ်ပေါ့ဂ်ဘာကို ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်အသင်းကနေ ယူရို ၁၀၅ သန်းနဲ့ မန်ယူအသင်းက ၀ယ်ယူခဲ့တာကြောင့် ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက်တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

မိခင်ဖြစ်သူ Yeo Moriba ရဲ့ လမ်းညွှန်ပြသမှုကြောင့် ပေါ့ဂ်ဘာဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ခဲ့တာဖြစ်ပြီး မိခင်ဟာ သူ့အတွက် စံပြပုဂ္ဂိုလ်လို့ ဆိုထားပါတယ်။ ပေါ့ဂ်ဘာမှာ အမွှာညီအစ်ကိုရှိပြီး သူတို့အမွှာညီနောင်ကို အမေတစ်ခုသားတစ်ခုအဖြစ် ပြင်သစ်နိုင်ငံပဲရစ္စမြို့အနီးက Roissy-en-Brie ရပ်ကွက်မှာ ပြုစုပျိုးထောင်ခဲ့တာဖြစ်ပါတယ်။ သူတို့နေထိုင်ရာရပ်ကွက်မှာ မူးယစ်ဆေးအင်မတန်ပေါပေမယ့် မိခင်ဟာ အမွှားသားနှစ်ယောက်ကို အကောင်းဆုံးနဲ့ အသန့်ရှင်းဆုံးဘ၀တွေရောက်အောင် ပြုစုပျိုးထောင်နိုင်ခဲ့ပါတယ်။

ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7