ဖေဖော်ဝါရီ ၂၁ မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ မဲလ်ကွမ်အိတ်စ်

၁၉၆၅ခုနှစ် ဒီလိုနေ့မှာ အမေရိကန်လူမည်းနဲ့ နိုင်ငံသားအခွင့်အရေးတက်ကြွလှုပ်ရှားသူ မဲလ်ကွမ်အိတ်စ် လုပ်ကြံသတ်ဖြတ်ခံရတဲ့နေ့ဖြစ်ပါတယ်။
 
မွေးဖွားစဉ်က Malcolm Little (မဲလ်ကွမ် လစ်တဲလ်) ဆိုတဲ့အမည်တွင်ခဲ့သူ မဲလ်ကွမ်အိတ်စ်ဟာ နောက်ပိုင်းမှာ အလ်ဟဂ်ျ- မာလိက် အလ်ရှာဘားဇ် ဆိုတဲ့အမည်ကိုပြောင်းလဲခံယူခဲ့ပါတယ်။ အာဖရိကန်-အမေရိကန်မွတ်စလင်ဝန်ကြီးနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဖြစ်ပါတယ်။ လူမည်းအခွင့်အရေးအတွက် အပြင်းထန်ဆုံးတိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး အာဖရိကန်-အမေရိကန်သမိုင်းမှာ အကြီးကျယ်ဆုံးနဲ့ သြဇာအရှိဆုံး လူမည်းတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။
 
၁၉၆၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှာ မဲလ်ကွမ်အိတ်စ်က မိမိကို Nation of Islam အဖွဲ့က လုပ်ကြံသတ်ဖြတ်ဖို့ အကြီးအကျယ်ကြိုးစားနေကြောင်းကို အင်တာဗျူးလုပ်သူ ဂေါ်ဒွန်ပါခ်သိအောင် ပြောပြခဲ့ပါတယ်။
 
၁၉၆၅ ဖေဖော်ဝါရီ ၂၁ ရက်မှာ မက်ဟက်တန် အော်ဒူဘွန်ခန်းမမှာ ကျင်းပမယ့် အာဖရို-အမေရိကန်စည်းလုံးညီညွတ်ရေးအဖွဲ့ရဲ့ပွဲကို တက်ရောက်ချီးမြှင့်ဖို့ ပြင်ဆင်နေတုန်း ပရိသတ်အယောက် ၄၀၀ ကြားထဲကနေ လူတစ်ယောက်က “နစ်ဂါ (လူမည်းများကိုနိမ့်ချခေါ်ဝေါ်သည့်အသုံးအနှုံး)!! ငါ့အိတ်ကပ်ထဲကနေ မင်းလက်ထုတ်လိုက်စမ်း” လို့ အော်ကြီးဟစ်ကျယ်လုပ်ပြီး သောင်းကျန်းခဲ့ပါတယ်။

သေနတ်ဒဏ်ရာဗရပွနဲ့ မဲလ်ကွမ်အိတ်စ်

 
မဲလ်ကွမ်အိတ်စ်နဲ့ သူ့ရဲ့ကိုယ်ရံတော်တွေက လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့လူအုပ်ကို ထိန်းသိမ်းဖို့ကြိုးစားနေတုန်း လူတစ်ယောက်က ရုတ်တရက်ရှေ့ကိုပြေးလာပြီး ပြောင်းတိုအောင်လွှတိုက်ဖြတ်ထားတဲ့ ပြောင်းချောသေနတ် (Sawed-off shotgun) နဲ့ ရင်ဘတ်တည့်တည့်ကို တစ်ချက်ပစ်လိုက်ပါတယ်။ နေက်ထပ်နှစ်ယောက်က စီမီး-အော်တော်မစ်တစ် ပစ္စတိုတွေနဲ့ စတိတ်စင်ဖက်ကို ဆက်လက် ပစ်ခတ်ခဲ့ပါတယ်။

မဲလ်ကွမ်အိတ်စ်ရဲ့ဂျနာဇာအခမ်းအနား

အဲဒီနေ့ ညနေ ၃း၃၀မှာ မဲလ်ကွမ်အိတ်စ်ကွယ်လွန်သေဆုံးကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ Columbia Presbyterian ဆေးရုံကိုရောက်ပြီးမကြာခင်မှာပဲ သေဆုံးခဲ့တာဖြစ်ပါတယ်။ ရင်ခွဲစစ်ဆေးမှုအရ ရင်ဘတ်၊ ဘယ်ပုခုံး၊ လက်မောင်းနဲ့ ခြေထောက်နှစ်ဖက်လုံးမှာ သေနတ်ဒဏ်ရာ ၂၁ ချက်ရှိခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။ Shotgun ကျည်ဆန်ကနေ ဖွာထွက်တဲ့ ခဲစေ့ငယ်ဒဏ်ရာပေါင်း ၁၀ချက်ရှိခဲ့ကြောင်းလည်း တွေ့ရပါတယ်။

မဲလ်ကွမ်အိတ်စ်တို့မိသားစု

Nation of Islam အဖွဲ့သား သေနတ်သမားတစ်ယောက်ဖြစ်တဲ့ Talmadge Hayer ကတော့ ရဲတပ်ဖွဲ့မရောက်လာခင် အခင်းဖြစ်ပွားရာနေရာမှပဲ လူအုပ်ကြီးက ရိုက်သတ်လို့ အသက်ပျောက်ခဲ့ပါတယ်။ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ နောက်ထပ်သေနတ်သမားတွေကလည်း Nation of Islam အဖွဲ့သားတွေဖြစ်တဲ့ 3X Butler, Thomas 15X Johnson တို့ပါဝင်ကြောင်း သိရှိခဲ့ရပါတယ်။ မဲလ်ကွမ်အိတ်စ်ကိုလုပ်ကြံသတ်ဖြတ်မှုမှာပါဝင်ခဲ့တဲ့ လူသတ်သမားအားလုံးကို ၁၉၆၆ ခုနှစ် မတ်လမှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပါတယ်။
ဉာဏ်အလင်း
 
ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၃) ကို Download ရယူရန် –
Mediafire – http://bit.ly/2jBaW9S
pCloud – http://bit.ly/2l0FGNP
Dropbox – http://bit.ly/2jHxCAE