ဂျေရုစလင်အရေးအတွက် မလေးစစ်တပ်အသင့်ရှိနေဟုဆို

ဉာဏ်အလင်း

မလေးရှားစစ်တပ် (MAF) ဟာ ဂျေရုစလင်အရေးကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံခေါင်းဆောင်ရဲ့ အချက်ပေး ညွှန်ကြားချက်ရောက်ရှိလာရင် အမြဲတမ်းအဆင်သင့်ဖြစ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီး ဟီရှာမွတ်ဒီန်း တွန်း ဟူစိန်က ဘယ်လိုအမှုကိစ္စမျိုးအတွက်မဆို နိုင်ငံအနေနဲ့ အသင့်ပြင်ဆင်ထားသင့်ကြောင်းပြောလိုက်ပါတယ်။

“ကာကွယ်ရေးဝန်ကြီးတစ်ယောက်အနေနဲ့ ကာကွယ်ရေးဦးစီးချုပ် ပဉ္စမမြောက် ဆူလတန် မိုဟမ္မဒ် ယန်းဒီ-ပါတွန်းအဂေါင်းက ညွှန်ကြားတဲ့မည်သည့်အမိန့်ကိုမဆို ထမ်းရွက်ဖို့ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိပါတယ်။ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး တန်ဆရီရာဂျာမိုဟမ္မဒ် အဖန်ဒီရာဂျာမိုဟမ္မဒ်နူးရ်နဲ့ MAF တို့ဟာ လုံးဝဥဿုံအသင့်ဖြစ်နေပါတယ်” လို့ မစ္စတာ ဟီရှာမွတ်ဒီန်းက ဒီဇင်ဘာ ၉ ရက် မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ဖို့ လုပ်နေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အကြံအစည်ဟာ မွတ်စလင်ကမ္ဘာတစ်ခုလုံးရဲ့ မျက်နှာကိုဖြတ်ရိုက်လိုက်သလိုပါပဲ လို့ မစ္စတာဟီရှာမွတ်ဒီန်းက ဆက်လက်ပြောကြားလိုက်ပါတယ်။

Source: Bernama/aj

================

7 MB သာရှိတဲ့ အောက်တိုဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၁) ကို အောက်ပါ Link နှစ်ခုထဲက တစ်ခုခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2yk9yzT
pCloud – http://bit.ly/2gTFG2h