အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) မကြာခင်ဖျက်သိမ်းဖွယ်ရှိ

အမျိုးဘာသာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) သည် တရားမ၀င်အဖွဲ့အစည်းဖြစ်သောကြောင့် မဘသ အမည်သုံးစွဲခြင်းနှင့် မဘသအမည်ပါ ဆိုင်းဘုတ်များထူခြင်းများမပြုလုပ်ရန် မေလ ၂၃ ရက် ၌ကျင်းပသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ပါး စုံညီအထူးအစည်းဝေးပွဲများကနေ ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။
 
ထို့ကြောင့် မြန်မာနိုင်ငံအနှံ့အပြားစိုက်ထူးထားသော မဘသအဖွဲ့အစည်းဆိုင်းဘုတ်များကို ၂၀၁၇ ဇူလိုင် ၁၅ ရက် နောက်ဆုံးထားကာ အပြီးအပိုင်ဖြုတ်သိမ်းရတော့မည်ဖြစ်သည်။
 
အထက်ပါဆုံးဖြတ်ချက်များကို မလိုက်နာပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန်နှင့် လူပုဂ္ဂိုလ်ဖြစ်လျှင် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် အရေးယူရန်ဖော်ပြထားသည်။ ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်လည်း အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန် ဆက်လက်တိုက်တွန်းထားသည်။
နိုင်ငံတော်သံဃမဟာနာယက (မဟန) မှထုတ်ပြန်ခဲ့သော ဆုံးဖြတ်ချက် (၄) ရပ်နှင့် ပတ်သက်၍ အသိပေးရှင်းလင်းကြေညာသွားမည်ဖြစ်ကြောင်း မဘသ အဖွဲ့က တုံ့ပြန်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ထာသည်။
 
အသိပေးရှင်းလင်းပွဲကို ၂၀၁၇ မေလ ၂၇/၂၈ ရက်များတွင် အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်း၌ ကျင်းပသွားမည်ဟု ကြေညာချက်တွင်ရေးသားထားကာ မဘသအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတိလောကဘိဝံသက လက်မှတ်ရေးထိုးထားသည်။
သို့ရာတွင် မဟန ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မဘသ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်)၊ မဘသ ဒု-ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ အပါအ၀င် ၁၆ပါးက အတိအကျ လိုက်နာမည်ဖြစ်ကြောင်း ၀န်ခံကတိလက်မှတ်ရေးထိုးထားပြီးဖြစ်သည်။
 
ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။
 
Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7