Legends of Tomorrow လူစွမ်းကောင်ဇာတ်လမ်းတွဲ Season 3 မှာ ပါဝင်လာမယ့် မွတ်စလင်စူပါဟီရိုး

ဟောလီဝုဒ် DC ကုမ္ပဏီက ရိုက်ကူးတဲ့ နာမည်ကျော် Superhero လူစွမ်းကောင်းဇာတ်လမ်းတွဲရုပ်ရှင် “Legends of Tomorrow” ရဲ့ Season 3 မှာ မွတ်စလင်လူစွမ်းကောင်း တစ်ယောက်ပါဝင်လာတော့မှာပါ။
 
ဒီဇာတ်ကောင်ကိုထည့်သွင်းရတဲ့ရည်ရွယ်ချက်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အာဏာရလာပြီးနောက်ပိုင်း အမုန်းတရားအခြေခံ တိုက်ခိုက်မှုတွေရဲ့ ပြစ်မှတ်ဖြစ်လာတဲ့ မွတ်စလင်လူနည်းစုအပေါ် အားပေးထောက်ခံခြင်းဖြစ်ကြောင်း သိရပါတယ်။ ဇာတ်ကောင်နေရာမှာ အီရန်-အမေရိကန်နွယ်ဖွား အမျိုးသမီးသရုပ်ဆောင် တာလာ အာရှေး (Tala Ashe) က ၂၀၂၄ ခုနှစ်မှာပေါ်ထွန်းတဲ့ ဇာရီ အေဒရီယာနား တိုမဇ် (Zari Adrianna Tomaz) ဆိုတဲ့ စိတ်ကူးယဉ် စူပါဟီးရိုးဇာတ်ကောင်နေရာမှာ သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Tala Ashe

ဇာရီ အေဒရီယာနား တိုမဇ်ဟာ ပထမဆုံး မွတ်စလင်စူပါဟီးရိုးဇာတ်ကောင်တော့မဟုတ်ပါဘူး။ Marvel Comics က ထုတ်ဝေတဲ့ အမေရိကန် ရုပ်ပြစူပါဟီးရိုးဇာတ်လမ်း စာအုပ် Ms. Marvel ထဲမှာ ကမာလာခန်း (Kamala Khan) ဟာ ပထမဆုံးဖြစ်ပါတယ်။ ဒီဇာတ်ရုပ်နေရာမှာ ပါကစ္စတန်အမေရိကန်နွယ်ဖွား အသက် ၁၆ နှစ်အရွယ် သရုပ်ဆောင်မလေးက သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Kamala Khan

 
ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ
 
Mediafire – http://bit.ly/2umlRbf