ရိုဟင်ဂျာများအားတိုက်ခိုက်နေခြင်းကို ဆော်ဒီပြစ်တင်ရှုတ်ချ

ဉာဏ်အလင်း

ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီသံတမန်အဖွဲ့က မကြာသေးခင်ကဖြစ်ပွားလျက်ရှိတဲ့ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမွတ်စလင်များအား တိုက်ခိုက်နေမှုအပေါ် ပြစ်တင်ရှုတ်ချကြောင်း Twitter မှတစ်ဆင့် သဘောထားထုတ်ပြန်လိုက်ပါတယ်။

“မွတ်စလင်တွေရဲ့ခေါင်းဆောင်ဖြစ်တဲ့အလျောက် ဆော်ဒီဘုရင့်နိုင်ငံဟာ မြန်မာနိုင်ငံက လူနည်းစု ရိုဟင်ဂျာအရေးကို အဖြေရှာဖို့ တောင်းဆိုလိုက်ပြီး သူတို့ကို ပြစ်မှတ်ထားပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြစ်တင်ရှုတ်ချပါတယ်။

ဆော်ဒီဟာ ရိုဟင်ဂျာတွေရဲ့အကျပ်အတည်းကို အဖြေရှာဖို့အတွက် ဆက်လက်အားထုတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ သဘောထားထုတ်ပြန်ထားပါတယ်။

Image may contain: text

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမွတ်စလင်တွေအတွက် နယ်စပ်တံခါးများဖွင့်ပေးထားဖို့ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlüt Çavuşoğlu က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တောင်းဆိုပြီးနောက်ပိုင်း ဆော်ဒီဘက်ကလည်း အခုလို သဘောထားထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဟဂ်ျနှင့် ကုရ်ဗာနီအထူးထုတ် ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၉) သြဂုတ်လထုတ်ကို Download ရယူရန်

Mediafire – http://bit.ly/2w2D4r2
pCloud – http://bit.ly/2vuKWhs