ဗလီများကိုဖောက်ခွဲကာ မွတ်စလင်များကိုသတ်ပစ်မည်ဟု ကြွေးကြော်သူအစွန်းရောက်အား ရဲတပ်ဖွဲ့မှ အပူတပြင်းလိုက်လံရှာဖွေနေ

လက်ပစ်ဗုံးချိတ်ထားပြီး ဓားရှည်တစ်လက်ဝှေ့ယမ်းကာ မွတ်စလင်များကို သတ်ဖြတ်မည်ဟု ဗီဒီယိုမှတစ်ဆင့်ခြိမ်းခြောက်ခဲ့သော အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်းသတင်းရရှိသည်။

မည်သူမည်ဝါမှန်းမသိရသေးသည့် အဆိုပါအမျိုးသားသည် ၎င်း၏ တီရှပ်အင်္ကျီတွင် လက်ပစ်ဗုံးကို ချိတ်ထားပြီး ဗလီများကို ဖောက်ခွဲမည်ဟု ဓားဝှေ့ယမ်းလျက် ခြိမ်းခြောက်ခဲ့သည်။

ယင်းဗီဒီယိုက သူက “မွတ်စလင်များအတွက်သတင်းစကား” ဟု အမည်ပေးထားပြီး “မင်းတို့ဗလီထဲကို လူတွေမောင်းသွင်းမယ်၊ ပြီးရင် ကမ္ဘာမြေကနေပျောက်ကွယ်သွားအောင် ဖောက်ခွဲပစ်မယ်” ဟု ကြွေးကြော်ခဲ့သည်။

ထို့အပြင် “မင်းတို့တတွေ အကြမ်းဖက်မှုကို ကြည့်ချင်ကြလား။ ငါ့ကိုလာကြည့်ကြ” ဟု လည်း ကြိမ်းဝါးခဲ့သေးသည်။

အဆိုပါ ဗီဒီယိုကို လူမှုကွန်ရက်များဖြစ်သည့် Facebook နှင့် Twitter တို့တွင် ကျယ်ပျံ့စွာ မျှဝေဖြန့်ဖြူးခဲ့ကြသော်လည်း မူရင်း တင်သူမှာ ဖျက်သွားပြီဟု ယူဆရသည်။

တွစ်တာသုံးစွဲသူများက ယင်းဗီဒီယိုနှင့်ပတ်က်၍ West Midlands ရဲတပ်ဖွဲ့ကို Tweet လုပ်ကြသော်လည်း ယင်းဒေသနှင့် ဆက်စပ်သည့် အချိတ်အဆက်မျိုးကိုမူ မတွေ့ရသေးပေ။

ယခုအခါ အဆိုပါအကြမ်းဖက်ရန်လှုံဆော်သူအစွန်းရောက်ကို Merseyside ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။

“လူမှုကွန်ရက်မီဒီဝာပေါ်မှာတင်လိုက်တဲ့ ဗီဒီယိုကို ကျနော်တို့ မာဆေးဆိုက်ရဲတပ်ဖွဲ့ က အာရုံစိုက်နေပါတယ်။ ဗီဒီယိုရဲ့မူလဇစ်မြစ်ကို ဘယ်သူလွှင့်တင်ခဲ့သလဲဆိုတာကိုလည်း ရဲအရာရှိတွေက စုံစမ်းစစ်ဆေးနေပါပြီ။ အမုန်းတရားအခြေခံတဲ့ ရာဇဝတ်မှုတိုင်းကို ရဲတပ်ဖွဲ့က အသေအချာအရေးတယူဆောင်ရွက်သွားမှာပါ။ ဒီအမှုကိုလည်း အတွေ့အကြုံရှိ အထူးစုံထောက်တွေ အသုံးပြုပြီးဖော်ထုတ်သွားမှာပါ” ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

Video Copy from Birmingham Mail

http://www.birminghammail.co.uk/news/midlands-news/knifeman-wearing-hand-grenade-threatens-13138045

ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7