စပိန်နိုင်ငံက မွတ်စ်လင်မ်တို့ဆီသို့ အင်္ဂလန်နိုင်ငံ ဘုရင်ကြီးထံမှ ပေးစာ

စပိန်နိုင်ငံကို မွတ်စ်လင်မ်တွေ အုပ်ချုပ်စဉ်ကာလမှာ ကော်ဒိုဗာ မြို့တော်ဝန် ဟေရှားမ် ဘင်န် အဗ္ဗဒူရ်ရဟ်မားန် ဆီကို အင်္ဂလန်နိုင်ငံ ဘုရင်ကြီး King George II ထံက စာတစ်စောင် ရောက်လာခဲ့တယ်။ ဒီစာကို လက်ရှိ ကော်ဒိုဗာ သမိုင်းပြတိုက်မှာ သမိုင်းဝင်စာ တစ်စောင်အဖြင့် ပြသထားပါတယ်။

အဲဒီစာထဲမှာ ဘုရင်ကြီးက မိမိရဲ့သမီးတော်ကို ကော်ဒိုဗာ တက္ကသိုလ်မှာ ပညာသင်ကြားနိုင်ရန် ခွင့်ပြုပေးဖို့ မြို့တော်ဝန်ကို မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။

ဘာကြောင့် အင်္ဂလန် ဘုရင်ကြီးက တော်ဝင်မိသားစုရဲ့ သမီးတော်ကို မွတ်စ်လင်မ်တွေ အုပ်ချုပ်နေတဲ့ ကော်ဒိုဗာ တက္ကသိုလ်မှာ ပညာသင်ကြားဖို့ စေလွှတ်ချင်ခဲ့တာလဲ?

အကြောင်းအရင်းက…..

အဲဒီအချိန်ကာလဟာ မွတ်စ်လင်မ်တို့ အုပ်ချုပ်နေတဲ့ ကော်ဒိုဗာမြို့ဆိုတာ ကမ္ဘာပေါ်မှာ ပညာရှင်တွေ စုဝေးရာ ပညာဆည်းပူးရာ တစ်ခုတည်းသော နေရာဖြစ်ခဲ့တယ်။

စပိန်နိုင်ငံကို အုပ်ချုပ်နေတဲ့ မွတ်စ်လင်မ်တွေဟာ ကမ္ဘာကြီးကို အသိပညာ အတတ်ပညာတွေ ဝေမျှ ပေးယုံတင်မက tolerance ကိုပါ သင်ကြားပေးနေတဲ့သူတွေ ဖြစ်ခဲ့ကြတဲ့အတွက် ဘုရင်ကြီးက သူ့ရဲ့ သမီးတော်ဟာ ကော်ဒိုဗာ တက္ကသိုလ်မှာ လုံခြုံ စိတ်ချ စွာ ပညာသင်ကြားနိုင်မယ်လို့ ယုံကြည်လို့ပဲဖြစ်ပါတယ်။

အဲဒီစာအဆုံးသတ်မှာ ဘုရင်ကြီးက လက်မှတ်ရေးထိုးရာမှာ “အသင့်အပေါ် သစ္စာစောင့်သိသူ အင်္ဂလန်နိုင်ငံရဲ့ ဘုရင်ကြီး” လို့ ရေးသားထားပါတယ်။

Gustave Le Bon ဆိုတဲ့ မွတ်စ်လင်မ်မဟုတ်သူ ပြင်သစ်နိုင်ငံသား social psychologist က ဘာပြောခဲ့လည်းဆိုတော့ …..

“မွတ်စ်လင်မ်တွေဟာ ပြင်သစ်နိုင်ငံကိုပါ အုပ်ချုပ်ခဲ့ကြရမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အကယ်၍များ ပြင်သစ်နိုင်ငံကို မွတ်စ်လင်မ်တွေသာ အုပ်ချုပ်ခဲ့ကြမယ်ဆိုလျင် ပြင်သစ်နိုင်ငံဟာ ကော်ဒိုဗာလို ဖြစ်သွားလိမ့်မယ်။ ကျွန်တော်တို့ဟာ ဂရိ တွေးခေါ်ပညာရှင်တွေရဲ့ စာပေတွေကို ဘာသာပြန်ဖို့အတွက် နှစ်ပေါင်း ၆၀၀ လောက် မွတ်စ်လင်မ်တွေအပေါ် မှီခိုခဲ့ရတယ်။ ကော်ဒိုဗာရဲ့ လမ်းတွေမှာ လျှောက်လှမ်းကြည့်မယ်ဆို နေရာတိုင်းမှာ လူတွေဟာ စာဖတ်တတ်သူ၊ စာရေးတတ်သူတွေကို တွေ့ရမှာ ဖြစ်သလို အချို့ဟာ ကဗျာလင်္ကာ စပ်ဆိုတဲ့ ပညာရပ်တွေကိုပါ တတ်မြောက်ထားကြတာကို တွေ့ရလိမ့်မယ်။ အဲဒီအချိန်အခါမှာ အခြား ဥရောပ တိုင်းပြည်တွေရဲ့ ဘုရင်တွေ၊ ဘုရင့်သား၊သမီးတွေ ကိုယ့်နာမည်ကိုတောင် ကိုယ့်ဘာသာစကားနှင့် စာလုံးပေါင်းမှန်ကန်အောင် မရေးတတ်ကြသေးပါဘူး။”

ပြင်သစ်နိုင်ငံရဲ့ ပထမဦးဆုံး ဆေးရုံ မရှိသေးခင် နှစ်ပေါင်း ၇၀၀ အလျင်ကတည်းက ကော်ဒိုဗာမှာ ဆေးရုံပေါင်း ၅၀ တည်ဆောက်ခဲ့ပြီး ဖြစ်ပါတယ်။

Original Source : “Islam’s take on modernity and progress” by Sheikh Mohammad Elshinawy

Mr. Gustave Le Bon

Credit – Muhammed Naeem

ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM