ကင်ဂျုံးအန်၏ ဖအေတူမအေကွဲအစ်ကိုကို သတ်ဖြတ်ခဲ့သူတွင် မြန်မာအမျိုးသမီးတစ်ဦးပါဝင်ကြောင်း သတင်းထွက်ပေါ်

ဉာဏ်အလင်း
 
မြောက်ကိုရီးယားအာဏာရှင် ကင်ဂျုံးအန်၏ ဖအေတူမအေကွဲ အစ်ကိုဖြစ်သူ ကင်ဂျုံနမ်းသေဆုံးမှုနဲ့ ပတ်သက်ပြီး အမျိုးသမီးတစ်ဦးကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ဆိုသည်
 
ကင်ဂျုံးနမ်ဟု ယုံကြည်ရသူသည် အင်္ဂါနေ့က ကွာလာလမ်ပူလေဆိပ်တွင် နာမကျန်းဖြစ်ကာ သေဆုံးသွားခဲ့သည်။ မကာအိုသို့ ထွက်ခွာရန် လေယာဉ်စောင့်ဆိုင်းနေစဉ် ၎င်းအားအမျိုးသမီးနှစ်ဦးက ချဉ်းကပ်ခဲ့ပြီးအဆိပ်ခတ်လုပ်ကြံခဲ့ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူများက ယုံကြည်နေကြသည်။
 
ဖမ်းခံထားရသူအမျိုးသမီးသည် ဗီယက်နမ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော အသက် ၂၈နှစ်အရွယ် ဒေါင်သီဟွန်း (Doan Thi Huong) ဆိုသူဖြစ်ကြောင်း မလေးရှားတော်ဝင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ သူမကို လေဆိပ် စီစီတီဗီမှတ်တမ်းပုံထဲမှတစ်ဆင့် ခြေရာခံမိပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
 
အစောပိုင်းကမူ ယင်းအမျိုးသမီးသည် မြန်မာနိုင်ငံမှဖြစ်ကြောင်း မလေးသတင်းဌာန Bernama က ရေးသားခဲ့သော်လည်း သူမမြန်မာနိုင်ငံကဖြစ်ကြောင်း မည်သို့မည်ပုံသိရှိခဲ့သည်ဆိုသည့်အကြောင်းကိုမူ ထည့်သွင်းရှင်းလင်းထားခြင်းမရှိချေ။

A CCTV still showed a woman, believed to be connected to Kim’s death, wearing a ‘LOL’ shirt.

Ref: CNBC
 
ဓာတ်ပုံ – စီစီတီဗီမှတ်တမ်းမှတစ်ဆင့်ခြေရာခံမိသည့် အမျိုးသမီးသည် LOL တံဆိပ်ပါအင်္ကျီကို ၀တ်ဆင်ထားသည်။
ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၃) ကို Download ရယူရန် –
Mediafire – http://bit.ly/2jBaW9S
pCloud – http://bit.ly/2l0FGNP
Dropbox – http://bit.ly/2jHxCAE
Website – http://www.steventhonenya.com