ကာဘာဝတ်ကျောင်းတော်အတွင်း မီးရှို့ရန်ကြိုးစားသူကို အချိန်မီဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့

ဆော်ဒီအာရေဗျနိုင်ငံ မက္ကာဟ်မြို့မှ ကာဘာဝတ်ကျောင်းတော်ကို မီးရှို့ရန်ကြိုးစားသည်ဟု ယူဆရသည့် လူတစ်ဦးအား ဆော်ဒီရဲတပ်ဖွဲ့မှာ အချိန်မီဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ဒေသခံမီဒီယာများက အင်္ဂါနေ့၌ ဖော်ပြခဲ့သည်။

“ဖေဖော်ဝါရီ ၆ ရက်၊ တနင်္လာနေ့ ည ၁၁ နာရီ မှာ အသက် ၃၀ ၀န်းကျင်လူတစ်ဦးက သူ့အ၀တ်စားကို ဓာတ်ဆီလောင်းပြီး မိမိကိုယ်ကိုယ်မီးရှို့ဖို့ကြံစည်ခဲ့ပေမယ့် သူ့ကိုဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်” ဟု ၀တ်ကျောင်းတော်လုံခြုံရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာမေ့ဟ် အလ်-စိလ်မီက ပြောသည်။

“သူ့ရဲ့လုပ်ရပ်အရ သူဟာ စိတ်ရောဂါတစ်ခုခုခံစားနေရတယ်ဆိုတာ ပေါ်လွင်တယ်။ ဥပဒေအရအရေးယူဆောင်ရွက်သွားပါမယ်” ဟု ၎င်းကဆက်ပြောသည်။ သို့ရာတွင် ယင်းလူသည် ကာဘာအား မီးရှို့ရန်ကြိုးစားသည်ဆိုသည့် ပြောစကားများကို အလ်-စိလ်မီက ငြင်းဆိုသွားခဲ့သည်။ ဖမ်းခံရသူသည် အဘယ်ကြောင့်ဤသို့ပြုလုပ်ခဲ့သနည်းဆိုသည့် ရည်ရွယ်ချက်ကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။

လွန်ခဲ့သည့်နှစ် ဇူလိုင်လတွင်လည်း အစ္စလာမ်ဘာသာဝင်တို့၏အထွတ်အမြတ်ထားရာ မဒီနာမြို့မှ တမန်တော်မြတ်ဗလီဝတ်ကျောင်းတော်အတွင်းဝင်ရောက်ကာ အသေခံဗုံးခွဲသမားတစ်ဦးက ဖောက်ခွဲရန်ကြိုးစားခဲ့သော်လည်း ရဲတပ်ဖွဲ့က အချိန်မီတားဆီးနိုင်ခဲ့သည်။ ဗလီအပြင်ဖက်တွင် အသေခံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်။

ကာဘာကိုဖျက်ဆီးပစ်ဖို့၊ အထူးသဖြင့် ကျောက်တုံးနက်ရှိရာ အရှေ့ခြမ်းကို ဖျက်ဆီးပစ်ဖို့ သွေးထိုးလှုံဆော်သူများထဲတွင် အိုင်အက်စ်အဖွဲ့ခေါင်းဆောင် အဗူဘက္ကရ် အလ်-ဘဂ္ဂဒါဒီသည်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။

Ref: Al Araby

ဉာဏ်အလင်း

ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၃) ကို Download ရယူရန် –
Mediafire – http://bit.ly/2jBaW9S
pCloud – http://bit.ly/2l0FGNP
Dropbox – http://bit.ly/2jHxCAE

video_5