သံတမန်အဆက်အသွယ်လျှော့ချရမည်မှာ အစ္စရေးကိုဖြစ်ပြီး ကာတာကိုမဟုတ်ကြောင်း ဂျော်ဒန်နိုင်ငံသားများဝေဖန်

ကာတာနိုင်ငံနှင့် အဆက်အသွယ်ဖြတ်တောက်လိုက်သည့်အတွက် မိသားစုတကွဲတပြားဖြစ်ရခြင်း၊ အသက်မွေးဝမ်းကြောင်းဘဝများ ကမောက်ကမဖြစ်ရခြင်းနှင့် ပညာရေးအခက်တွေ့ခြင်းများဖြစ်ပွားရခြင်းကြောင့် ဆော်ဒီအာရေးဗျ၊ ဘာရိန်း၊ ယူအေအီး၊ အီဂျစ်နှင့် ဂျော်ဒန် နိုင်ငံသားများက အမျက်ဒေါသထွက်နေကြသည်။

ကာတာအမိရ် အလ်-ထာနီနှင့် ဂျော်ဒန်ဘုရင် အဗ္ဗဒွလ္လာဟ်

ကာတာအားအဆက်အသွယ်ဖြတ်တောက်ခြင်းကို လူ့အခွင့်အရေးဖြတ်တောက်ခြင်းဟု ရှုမြင့်ကြသည့်အတွက် လူမှုကွန်ရက်မီဒီယာများပေါ်တွင် ဆန့်ကျင်ရေးသားမှုများရှိလာသည်။
 
ဂျော်ဒန်နိုင်ငံသားများက ကာတာနှင့်အတူတကွရပ်တည်ကြောင်း စည်းလုံးညီညွတ်မှုကို ပြသသောအားဖြင့် #JordanStandsBesideQatar ဟူသော Hashtag များဖြင့် လူမှုကွန်ရက်များပေါ်တွင် မျှဝေလျက်ရှိသည်ဟု Middle East Monitor သတင်းဌာနက တင်ပြသည်။
 
“ကျနော်တို့အစိုးရအနေနဲ့ အစ္စရေးနဲ့ သံခင်းတမန်ခင်းဆက်ဆံရေးကို လျှော့ချရမှာပါ။ ကာတာနဲ့မဟုတ်ပါဘူး” ဟူ၍ လူမှုကွန်ရက်များပေါ်တွင် ကျယ်ကျယ်ပျံ့ပျံ့ဝေဖန်လျက်ရှိသည်။
 
တချို့က “ဒီပြဿနာမှာ ကြားဝင်စေ့စပ်သူအဖြစ် ဆောင်ရွက်ဖို့ ကျနော်တို့ အစိုးရကို စောင့်နေခဲ့တယ်။ ဒါပေမဲ့ အစိုးရကိုယ်တိုင်က ဒီပဋိပက္ခထဲ ပါဝင်ပတ်သက်လိုက်တယ်” ဟုလည်း ဆိုသည်။
 
တစ်ဦးက “ဂါဇာမှာ အမှောင်အတိကျနေချိန် ကာတာတစ်နိုင်ငံထဲက ကူညီခဲ့တာပါ” ဟု ရေးသည်။
 
ဂျော်ဒန်နိုင်ငံသည် ကာတာနှင့် သံတမန်ဆက်ဆံရေးလျှော့ချမည်ဟု လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က ပြောခဲ့ခြင်းဖြစ်သည်။

အတွဲ (၁) အမှတ် (၆) ကို Download ရယူရန်

Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7