ဂျူးသုဿာန်ပြန်လည်မွမ်းမံရေးအလှူငွေရရှိရေး အမေရိကန်မွတ်စလင်များဦးဆောင်လှုပ်ရှား

အမေရိကန်ပြည်ထောင်စု စိန့်လူဝစ္စမြို့ရှိ ဂျူးသုဿာန်တစ်ခုသည် သံသယဖြစ်ဖွယ်ရာ ဂျူးမုန်းတီးရေးတိုက်ခိုက်မှု (Anti-Semitic Attack) တစ်ခုကြောင့် သချိ င်္ုင်းမြေပုံ ၁၀၀ကျော် ဖျက်ဆီးခံခဲ့ရသည်။
 
ယင်းတိုက်ခိုက်မှုအားတုံ့ပြန်သောအားဖြင့် MPower Change အဖွဲ့မှ မွတ်စလင်တက်ကြွလှုပ်ရှားသူ လင်ဒါဆာဆော်နှင့် Celebrate Mercy အဖွဲ့မှ တာရစ် အလ်-မစ္စီဒီတို့ ဦးဆောင်၍ Chesed Shel Emeth သုဿာန်မွမ်းမံပြင်ဆင်ရေးအတွက် လူထုအလှူငွေကောက်ခံခဲ့သည်။
 
ကန်ဒေါ်လာ ၂၀,၀၀၀ ရရှိရန်ပြစ်မှတ်ထားကောက်ခံခဲ့သော်လည်း အချိန် ၅ နာရီအတွင်း မွတ်စလင်အများစုပါဝင်သည့် လူပေါင်း ၈၄၈ ဦးမှ ကန်ဒေါ်လာ ၂၅,၀၀၀ လှူဒါန်းဖြစ်ကြောင်းသိရသည်။ ဤအလှူငွေသည် သတင်းထုတ်ပြန်သည့်အချိန်ထိ ရရှိပြီးဖြစ်ပြီး ဆက်လက်တိုးနေဆဲဖြစ်သည်။
 
အလှူငွေကောက်ခံရေးဦးဆောင်လှုပ်ရှားသူများက ဤလှုပ်ရှားမှုသည် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ လုပ်ရပ်များကို စံပြထားကာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။
 
“တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ရဲ့လုပ်ရပ်ကို ဥပမာယူပြီး လုပ်ခဲ့တာပါ။ ကိုယ်တော်မြတ်က ဂျူးအသုဘတစ်ခုနားကနေ ဖြတ်သွားတော့ မတ်တပ်ရပ်ပြီးအရိုအသေပေးခဲ့ပါတယ်။ ကိုယ်တော်မြတ်ဘာကြောင့် မတ်တပ်ရပ်အရိုပေးခဲ့သလဲလို့ မေးတော့ ကိုယ်တော်မြတ်က ဒါဟာလည်းလူသားတစ်ဦးအသက်မဟုတ်လား လို့ အဖြေပြန်ပေးခဲ့ပါတယ် (ဘုခါရီကျမ်း)”
 
လူထုအလှူငွေကောက်ခံခြင်းသည် စည်းလုံးညီညွတ်မှု၏ပြယုဂ်တစ်ခုအဖြစ် သတင်းစကားပါးနိုင်ဖို့အတွက် ဦးဆောင်လှုပ်ရှားသူများက မျှော်လင့်နေကြသည်။
 
“ဒီကမ်ပိန်းကတစ်ဆင့် ဂျူးနဲ့မွတ်စလင်အသိုင်းအ၀ိုင်းကြား စည်းလုံးညီညွတ်မှုရှိပြီး အမေရိကန်ပြည်ထောင်စုမှာ အမုန်းတရားပဲအမျိုးမျိုး၊ အထွတ်အမြတ်ထားရာနေရာများကိုမလျော်မကန်ပြုလုပ်ခြင်းနဲ့ အကြမ်းဖက်လုပ်ရပ်များအတွက် နေရာမရှိကြောင်း သတင်းစကားပါးပြီးသားဖြစ်ဖို့ မျှော်လင့်ပါတယ်။ အခုလိုအကြမ်းဖက်ဖျက်ဆီးခံရတာကြောင့် အမေရိကန်ဂျူးအသိုင်းအ၀ိုင်းခမျာ သေချာပေါက်ကို တုန်လှုပ်ခြောက်ခြားသွားမှာပါပဲ။ ဒါကြောင့် သူတို့အတွက်လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအမြန်ဆုံးရရှိဖို့ ကျနော်တို့က ဆုတောင်းပေးပါတယ်” ဟု ဦးဆောင်လှုပ်ရှားရေးအဖွဲ့က ဆိုခဲ့သည်။
ဉာဏ်အလင်း
ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၃) ကို Download ရယူရန် –
Mediafire – http://bit.ly/2jBaW9S
pCloud – http://bit.ly/2l0FGNP
Dropbox – http://bit.ly/2jHxCAE