မျက်ရည်ကျဖို့ ကြက်သွန်နီသုံးခဲ့သည့် အစ္စရေးပြည်ထဲရေးဝန်ကြီး

အစ္စရေးပြည်ထဲရေးဝန်ကြီး အာရီ ဒဲရီသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်က မျက်ရည်ကျစေရန် မျက်လုံးများကို ကြက်သွန်နီနှင့်ပွတ်ခဲ့သည့် ရုပ်သံတစ်ခုပေါ်ထွက်လာခဲ့သည်။

Israeli minister uses onion to fake tears during campaign

ရှေးရိုးအစွဲလွန်နေသော Shas နိုင်ငံရေးပါတီဝင်တစ်ဦးဖြစ်သူ ဒဲရီသည် မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်းအဖြင့် ကွယ်လွန်သွားပြီဖြစ်သည့် ပါတီထူထောင်ခဲ့သူ ဂျူးဘုန်းကြီး ရက်ဘိုင် အိုဗေးဒီယား ယူဆဖ်အား အောက်မေ့တမ်းတကာ ငိုကြွေးလိုသော်လည်း မျက်ရည်မကျနိုင်ဖြစ်နေသောကြောင့် ဟောလီဝုဒ်သုံးနည်းလမ်းဟောင်းကို ပြန်လည်အသက်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းရုပ်သံကို အစ္စရေးရုပ်သံ Channel 2 သတင်းဌာနက လွန်ခဲ့သည့် တနင်္ဂနွေနေ့ညတွင် ပြသခဲ့ခြင်းဖြစ်သည်။ ရုပ်သံကို ဖွခဲ့သူမှာ ယင်းဗီဒီယိုကို ရိုက်ကူးပေးခဲ့သူ ဒဲရီ၏သူငယ်ချင်းဟောင်း အဆိုတော် ဘင်နီ အလ်ဘာဇ်ဖြစ်သည်။ ရုပ်သံထဲတွင် ခန္ဓာကိုယ်ယိမ်းထိုးကာ ၀မ်းနည်းပူဆွေးနေသည့် ဗီဒီယိုကိုမြင်တွေ့ရမည်ဖြစ်သည်။ ထို့အပြင် မျက်ရည်ကျစေရန် မျက်လုံးကို ကြက်သွန်နီဖြင့်ပွတ်နေသည်ကိုလည်း တွေ့နိုင်သည်။

ဒဲရီ၏မဲဆွယ်စည်းရုံးရေးဆိုင်ရာအကြံပေး ဆယ်ဖီရှာကေ့ဒ် က ကြက်သွန်နီအသုံးပြုပြီး မျက်ရည်ကျအောင်လုပ်ရန် အကြံပေးခဲ့သူမှာ မိမိဖြစ်ကြောင်း Channel 2 အား ဖွင့်ပြောခဲ့သည်။

ဒဲရီသည် ယခုကဲ့သို့ ဟန်ဆောင်လုပ်ကြံသည့်လုပ်ရပ်များကို ယခင်ကလည်း အများအပြားလုပ်ဆောင်ခဲ့ဖူးသည်။ ၂၀၀၀ ခုနှစ်ကလည်း လာဘ်ပေးလာဘ်ယူမှုကြောင့် ထောင် ၂၂ လ ကျခဲ့သေးသည်။ ဤသို့သော ရာဇ၀တ်မှုမှတ်တမ်းမှတ်ရာများရှိသော်လည်း ၂၀၁၅ခုနှစ်၌ မဲဆန္ဒရှင် ပြည်သူများ၏ စာနာမှုကို ရရှိစေရန် ဒဲရီက ငိုယိုမဲဆွယ်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။

၎င်း၏Shas ပါတီအဖွဲ့ဝင်များသည် အစ္စရေးလွှတ်တော်အတွင်း ခုနှစ်နှစ်နေရာအနိုင်ခဲ့သလို Likud ပါတီအဖွဲ့ဝင်များနှင့်အတူ အစိုးရအဖွဲ့အတွင်း၌လည်း နေရာရရှိခဲ့သည်။

ယခင်ပြည်ထဲရေးဝန်ကြီးဟောင်း ဆိလ်ဗမ် ရှာလုံသည် လိင်အကြမ်းဖက်မှုကျူးလွန်သည်ဟုစွပ်စွဲချက်များကြောင့် ရာထူးမှနုတ်ထွက်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ၌ ပြည်ထဲရေးဝန်ကြီးအဖြစ် ဒဲရီက ရာထူးဆက်ခံနိုင်ခဲ့သည်။

ဉာဏ်အလင်း

Ref: Al Araby

ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၃) ကို Download ရယူရန် –
Mediafire – http://bit.ly/2jBaW9S
pCloud – http://bit.ly/2l0FGNP
Dropbox – http://bit.ly/2jHxCAE